မြောက်ကိုရီးယားအပေါ် စစ်ရေးအရအရေးမယူခင် တောင်ကိုရီးယားနဲ့ တိုင်ပင်ဖို့ သမ္မတ Trump ကတိပြု


မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်နဲ့ ပတ်သတ်လို့အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ရေးအရ အရေးမယူခင်မှာ တောင်ကိုရီးယားနဲ့ အရင် ညှိနှိုင်း ခွင့်ပြုချက်ရယူသွားမယ်လို့ အမေရိကန်သမ္မတ Donald Trump က ထပ်လောင်း အာမခံပြောကြားခဲ့ကြောင်း တောင်ကိုရိးယားသမ္မတ Moon Jae-in က ပြောလိုက်ပါတယ်။

"ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအရ အရေးယူတိုက်ခိုက်တာမျိုးအတွက် တောင်ကိုရီးအနေနဲ့သာ ဆုံးဖြတ်ရမှာဖြစ်ပြီး တောင်ကိုရီးယားရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်နိုင်ငံကမှာ စစ်ရေးအရ အရေးယူဆောင်ရွက်တာမျိုး လုပ်လို့ မရပါဘူး။ မြောက်ကိုရီးယားအပေါ် တနည်းနည်းနဲ့ အရေးယူဆောင်ရွက်တာမျိုး မလုပ်ခင်မှာ ကျနော်တို့နဲ့ သဘောတူညီမှုရယူပြီး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း အမေရိကန် သမ္မတ ထရမ့်က ကတိပြုထားပါတယ်"လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောသွားတာပါ။

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တဖက်နဲ့တဖက် တင်းတင်းမာမာပြောဆိုရာကနေ တကယ့်စစ်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ပါတ်သတ်လို့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ သမ္မတ Moon က ကြာသပတေးနေ့မှာ အခုလို ပြောကြားတာပါ။ တင်းမာနေတဲ့ အခြေအနေတွေ လျော့ကျသွားရေး သံတမန်ရေးအရ ဆောင်ရွက်တဲ့အနေနဲ့ အထူးသံတမန်တဦး မြောက်ကိုရီးယားကို စေလွှတ်ဖို့ စဉ်းစားနေကြောင်းလည်း သမ္မတက ပြောပါတယ်။ အမေရိကန်ပိုင် ဂွမ်ကျွန်းကို မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခတ်မယ့် အစီအစဉ် ရွှေ့ဆိုင်းကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနကနေ အင်္ဂါနေ့ကကြေညာခဲ့ပြီးတဲ့နောက်မှာ အမေရိကန်သမ္မတ Donald Trump ကလည်းမြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအွန်းအနေနဲ့ အခုလို အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တာဟာသိပ်ကို ဥာဏ်အမျှော်အမြင်ရှိပြီး ဆင်ခြင်သုံးသပ်ထားတဲ့ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ကြောင်း Twitter လူမှုကွန်ယက်မှာ ဗုဒ္ဓဟူးနေ့က ရေးသားလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြောက်ကိုရီးယားအပေါ် စစ်ရေးအရအရေးမယူခင် တောင်ကိုရီးယားနဲ့ တိုင်ပင်ဖို့ သမ္မတ Trump ကတိပြု မြောက်ကိုရီးယားအပေါ် စစ်ရေးအရအရေးမယူခင် တောင်ကိုရီးယားနဲ့ တိုင်ပင်ဖို့ သမ္မတ Trump ကတိပြု Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.