ရိုက်နှက်ခံရသည့် ဗဟို TNP ရုံးတာဝန်ခံ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရ

Photo- မှတ်တမ်းနှင့် သုတေသနဌာန_TWO
သြဂုတ် ၁၄ရက်၊ မားနဂါး၊ နမ့်ဆန်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဗဟိုတအာင်း(ပလောင်)အမျိုးသားပါတီရုံး၏ တာဝန်ခံဖြစ်သူ မန်ပန်ရွာနေ ဦးအောင်ကျော်စိုး(အသက် ၃ဝနှစ်)သည် ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ကျန်းမာရေးအခြေအ နေသည် လက်ရှိအချိန်တွင် စိုးရိမ်နေရကြောင်း သိရသည်။

"သူ့ခေါင်းမှာ သွေးရောက်နေတဲ့အတွက်ကြောင့် ခွဲစိတ်ပြီး ပြန်ဖယ်ထုတ်ရတာခင်ဗျ အခုက သတိတော့ ရပြီ သတိ ကောင်းကောင်းမလည်သေးဘူးပေါ့။ ဆရာဝန်ပြောတာကတော့ ဆယ်ဦးခွဲစိတ်ရင် တစ်ဦးလောက်ဘဲ အောင်မြင်နိုင် တယ်။ သူ့ကံတရားပေါ်ဘဲ မူတည်တယ်လို့ ဆရာဝန်က ပြောပါတယ်။ လက်ရှိက အသက်အန္တရာယ် စိုးရိမ်နေရပါ တယ်" ဟု ဦးအောင်ကျော်စိုးကို အနီးကပ်လိုက်လံစောင့်ရှောက်ပေးနေသူတစ်ဦးက သြဂုတ် ၁၄ ရက်တွင် မားနဂါး သတင်းဂျာနယ်သို့ ပြောသည်။

ဖြစ်စဉ်မှာ ဦးအောင်ကျော်စိုးသည် သြဂုတ် ၄ ရက် ည ၇ နာရီဝန်းကျင်တွင် မန်ပန်ရွာမှ မန်ခိုက်ရပ်ကွက်သို့ လက်ဖက် ရောင်းပြီးအပြန် ဘုရားကြီးရွာအနီးတွင် အရပ်ဝတ် လူသုံးဦး(အစိုးရတပ်ဟု ဒေသခံများက ခန့်မှန်းပြောဆို)က လက် နှိပ်ဓာတ်မီးဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

"သူက မန်ပန်ကနေ မန်ခိုက်ရပ်ကွက်ကို လက်ဖက်ရောင်းပြီးအပြန် အဲဒီဘုရားကြီးရွာနားရောက်တော့ အရပ်ဝတ် လူ နှစ်ယောက်က ဆိုင်ကယ်ရပ်ဖို့ တားတယ်။ သူကလဲ ပါလာတဲ့ငွေကို လုမှာစိုးလို့ဆိုပြီး မရပ်ဘဲ မောင်းလိုက်တယ်။ နောက် မနီးမဝေးမှာပဲ နောက်ထပ် လူသုံးယောက်က ထပ်တားတော့ သူရပ်လိုက်တယ်။ တားတဲ့သူတွေက ဘယ်သူ တွေလဲဆိုတာကို မေးတဲ့အချိန်မှာ ဘာမှမပြောဘဲ သူ့ကို လက်နှိပ်ဓာတ်မီးနဲ့ ဝိုင်းရိုက်လိုက်တာပါ" ဟု ၎င်းက ဆက် ပြောသည်။

ရိုက်နှက်မှုကြောင့် နားအထက်နား ပေါက်ပြဲဒဏ်ရာ၊ ရှေ့သွားအပေါ် ကျိုးပဲ့ဒဏ်ရာ၊ အောက်နှုတ်ခမ်းကွဲဒဏ်ရာ၊ ဝဲ ဘက်ပုခုံးဒဏ်ရာနှင့် ဦးခေါင်းဒဏ်ရာများ ရရှိခဲ့သည့်အတွက် နမ့်ဆန်မြို့နယ်ဆေးရုံတွင် တက်ရောက်ကုသခဲ့သော် လည်း မသက်သာသည့်အတွက် သြဂုတ် ၁၂ရက်တွင် မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့ရသည်ဟု သိရ သည်။

ဦးအောင်ကျော်စိုးသည် ဗဟိုတအာင်း(ပလောင်)အမျိုးသားပါတီရုံး၏ တာဝန်ခံလုပ်လာသည်မှာ တစ်နှစ်ကျော်သာ ရှိသေးကြောင်း၊ ရိုက်နှက်ခံရသည့်နေရာသည် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်တွင် တအာင်းတပ်မတော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခမ်းသို့ သတင်းသွားယူသည့် သတင်းထောက်နှင့် အရပ်သား ၆ ဦးဖမ်းခံရသည့် နေရာဖြစ်ကြောင်း၊ မိသားစုဝင်များအနေဖြင့်လဲ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့၏ တာဝန်ခံဖြစ်သူ မိုင်းမျိုးအောင်က "ဥပဒေကြောင်းအရက တရားခံအမည် အ တိအကျ မသိရသေးတော့ ရဲစခန်းက တာဝန်အရတော့ စုံစမ်းပေးမယ် ခြောက်လ တစ်နှစ်ကြာမယ်ပေါ့။ အမှန်မှာက အဲလောက်ထိ ကြာစရာအကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ ဘယ်သူတာဝန်ကျလဲဆိုတာ သူတို့ သိပြီး သားလေ။ သူတို့ခေါင်းရှောင်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဥပဒေကြောင်းအရက ရဲစခန်းက အမှုတည်ဆောက်ပြီးမှ တရားရုံး ကိုတင်ရမယ်။ လောလောဆယ်က ရဲစခန်းကိုယ်တိုင်က တရားရုံးကိုတင်ပေးဖို့ အမှုကို မတည်ဆောက်ပေးချင်တဲ့ ပုံစံ ဖြစ်နေတယ်။ နောက်တစ်ခုက ရဲစခန်းကနေ မတင်ပေးချင်ဘူးဆိုရင် တရားလိုအနေနဲ့ တရားရုံးကို ဦးတိုက်လျှောက် ပြီး အမှုဖွင့်လို့ရတယ်။ ဒါပေမဲ့ တရားလိုဘက်က ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာတော့ သူတို့နဲ့ တိုင်ပင်ရ အုံး မယ်" ဟု ရှင်းပြသည်။

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့(Ta'ang Legal Aid)အနေဖြင့် ဦးအောင်ကျော်စိုး၏အမှုကို ဥပဒေပိုင်းဆိုင်ရာ အကြံဥာဏ်များ ပေးနေကြောင်း ၎င်းကဆိုသည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ