MiG-35 တိုက်လေယာဉ်ပျံတွေ ဝယ်ယူရေး မြန်မာဆွေးနွေး


မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပီရူး(Peru- ပေရူး) နိုင်ငံတွေက ရုရှားနိုင်ငံလုပ် MiG-35 တိုက်လေယာဉ်ပျံတွေကို ဝယ်ယူလိုတဲ့အတွက် ညှိနိုင်းနေတယ်လို့ သိရပါတယ်။

အဲဒီ ဘက်စုံသုံးတိုက်လေယာဉ်တွေဟာ MiG-29 တိုက်လေယာဉ်တွေကို မွမ်းမံတည်ဆောက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။ ဝေဟင်က ဝေဟင်နဲ့ ဝေဟင်က မြေပြင်ပစ် ဒုံးကျည်တွေတပ်ဆင်ထားပြီး အသံထက် ၂ ဆကျော်မြန်အောင် ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

မစ်လေယာဉ်ပျံကုမ္ပဏီအကြီးအကဲ Ilya Tarasenko အီလီယာ တာရာဆင်ကိုး က လေယာဉ်တွေ အောင်မြင်စွာ ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ အဲဒီ MiG-35 တိုက်လေယာဉ်တွေကို လာမယ့် ၂ဝ၁၉ မှာစတင်ရောင်းချနိုင်ဖို့ ရည်မှန်းထားကြောင်းလည်း မော်စကိုကလာတဲ့ သတင်းမှာ ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ