MCL ရဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားတာဖြစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသက ကျောက်မီးသွေးလောင်စာသုံးနေတဲ့ MCL ဘိလပ်မြေစက်ရုံကို တွေ့ရစဉ်။ Photo: RFA
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ MCL ဘိလပ်မြေစက်ရုံက လည်ပတ်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ တရားမ၀င်ဆောက်လုပ်လည်ပတ်နေ တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ဘဏ္ဍာရေးနဲ့စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များလေ့လာသုံး သပ်ရေးကော်မတီ ဥက္ကဌ က ပြောပါတယ်။

MCL ကုမ္ပဏီဖက်က ညှိနှိုင်းမှုတွေရှိခဲ့ပေမယ့်  စက်ရုံတည်ဆောက်ဖို့ အစိုးရထံ ကြိုတင်ခွင့်ပြုချက် ရယူတာမရှိခဲ့ဘဲ လည်ပတ်နေတာဖြစ်ကြောင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြည်နယ်လွှတ်တော်ထံ အကြောင်းကြားလာ တာဖြစ်တယ်လို့ ဘဏ္ဍာရေးနဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီဥက္ကဌ ဦးအောင်ကျော် သူက ပြောပါတယ်။

အဲဒီကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၆ခုနှစ်ကတည်းက စတင်လည်ပတ်ပြီး လျှပ်စစ် ထုတ်လုပ်သုံးစွဲနေတာဖြစ်တဲ့အတွက် ဒေသခံတွေ က ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ မသုံးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

MCL ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့အတွက် ၂၀၁၃ခုနှစ်ကတည်းက ခွင့်ပြုမိန့်ရခဲ့တာဖြစ်ပေမယ့် ကျောက် မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ကိုတော့ အစိုးရထံ ခွင့်ပြုချက် တောင်းခံခဲ့ခြင်း မရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစက်ရုံဟာ လက်ရှိမှာ တစ်နေ့ကို ဘိလပ်မြေတန် ၅၀၀၀ ကျော် ထုတ်လုပ်နေတာဖြစ်ပြီး ပြည်တွင်း မှာ ဖြန့်ချီရောင်းချနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
MCL ရဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားတာဖြစ် MCL ရဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားတာဖြစ် Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.