အမြန်​လမ်းတွင်​Mazada pickupယာဉ်​မ​တော်​တစ်​ဆမှုဖြစ်​ ၃ ဦးဒဏ်​ရာရ


နေပြည်​​တော်​၊ သြဂုတ်​ ၂၀

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏အမှတ်​၃ လမ်းဆုံရဲစခန်းနယ်​​မြေ မိုင်​တိုင်​အမှတ်​ ၁၈/၇ နှင့်​ ၁၉/၀အကြား ​နေပြည်​​တော်​ဘက်​မှရန်​ကုန်​ဘက်​သို့ယဉ်​​မောင်း ခင်​​မောင်​​အေး ​မောင်းနှင်​လာ​သော Mazada pickup ​မော်​​တော်​ယာဉ်​မှာ ယ​နေ့နက်​နက်​ ၉နာရီ၁၅မိနစ်​က ​ရှေ့ယာဘက်​ဘီးပြုတ်​ထွက်​၍အရှိန်​မထိမ်းနိုင်​ဘဲ တိမ်း​မှောက်​ခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ ယာဉ်​ပေါ်တွင်​ယာဉ်​​မောင်းပါအမျိုးသားနှစ်​ဦး ၊အမျိုးသမီးတစ်​ဦး ​ပေါင်း သုံးဦးမှာ ဒဏ်​ရာများရရှိသွားခ့သည်​။ ဒဏ်​ရာရရှိသူများအား အမှတ်​ ၃ အမြန်​လမ်းရဲ တပ်​ဖွဲ့ပိုင်​ယာဉ်​ဖြင့်​ လှည်းကူး​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့ရ​ကြောင်းသိရသည်​။

သို့ပါ၍ ယာဉ်​ကို မဆင်​မခြင်​​ပေါ့ဆစွာ​မောင်းနှင်​​သောယဉ်​​မောင်းအားသက်​ဆိုင်​ရာကအမှုဖွင့်​စစ်​​ဆေးလျှက်​ရှိ​ကြောင်းသိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ -အမြန်​လမ်းရဲတပ်​ဖွဲ့
Min Myat Oo (fb)
အမြန်​လမ်းတွင်​Mazada pickupယာဉ်​မ​တော်​တစ်​ဆမှုဖြစ်​ ၃ ဦးဒဏ်​ရာရ အမြန်​လမ်းတွင်​Mazada pickupယာဉ်​မ​တော်​တစ်​ဆမှုဖြစ်​ ၃ ဦးဒဏ်​ရာရ Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.