နိုင်​ငံတကာ INGO အဖွဲ့အစည်းများ ရခိုင်​ပြည်​မှ နှင်​ထုတ်​ပေး​ရေး မာန်​​အောင်​မြို့တွင်​ ဆန္ဒဖော်​ထုတ်


ရခိုင်​​ဂေဇက်​၊ သြဂုတ်​ ၁၃

နိုင်​ငံတကာ INGO အဖွဲ့အစည်းများ ရခိုင်​ပြည်​မှ နှင်​ထုတ်​ပေး​ရေးအတွက်​ ငြိမ်းချမ်းစွာ စီတန်း​လှည့်​လည်​ ဆန္ဒထုတ်​​ဖော်​ပွဲကို မာန်​​အောင်​မြို့တွင်​ သြဂုတ်​ ၁၃ ရက်​​နေ့၊ နံနက်​၉း၀၀ နာရီတွင်​ စတင်​ပြုလုပ်​ခဲ့​ကြောင်း သိရသည်​။


အဆိုပါ ဆန္ဒ​ဖော်​ထုတ်​ပွဲကို ဦးသန်းနိုင်​မှ ဦး​ဆောင်​ခဲ့ပြီး လူဦး​ရေ (၂၀၀)ခန့်​ပါဝင်​ပြီး အ​နောက်​စုရပ်​ကွက်​၊ မြို့ဝင်​/ထွက်​ ဆိုင်းဘုတ်​အနီးမှ စတင်​ပြီး ဗန္ဒုလမ်း၊ ရုံးတက်​လမ်း၊ ဗိုလ်​ချုပ်​လမ်း၊ ရဲစက်​​ကျော်​​ခေါင်​လမ်းအတိုင်း ​ဆေန္ဒ​ဖော်​ထုတ်​ခဲ့​ကြောင်း သိရသည်​။


ဆန္ဒထုတ်​​ဖော်​ပွဲတွင် ​"၁၉၈၂နိုင်​ငံသားဥပ​ဒေဖြင့်​  အမြန်​ဆုံးစီစဉ်​ ​ဆောင်​ရွက်​​ပေး​ရေး၊
UNFCR,WFP အပါအဝင်​ နိုင်​ငံတကာ INGOအဖွဲ့အစည်းများအားလုံး ရခိုင်​ပြည်​မှ အမြန်​ဆုံးနှင်​ထုတ်​ပေး​ရေး ၊​ ဒေသခံတိုင်းရင်း​သားများ လုံခြုံ​ရေးအတွက်​ လက်​နက်​ကိုင် ​ပြည်​သူ့စစ်​ဖွဲ့စည်း​ပေး​ရေး၊ ဘင်္ဂါလီ အကြမ်းဖက်​သမားများအား အမြစ်​ပြတ်​​ချေမှုန်း​ပေး​ရေး စ​သော ဗီနိုင်းဆိုင်းဘုတ်​များ ကိုင်​ဆောင်​ပြီး ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြ​ကြောင်း သိရသည်​။

source မာန်​​အောင်​ ပြန်​/ဆက်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
နိုင်​ငံတကာ INGO အဖွဲ့အစည်းများ ရခိုင်​ပြည်​မှ နှင်​ထုတ်​ပေး​ရေး မာန်​​အောင်​မြို့တွင်​ ဆန္ဒဖော်​ထုတ် နိုင်​ငံတကာ INGO အဖွဲ့အစည်းများ ရခိုင်​ပြည်​မှ နှင်​ထုတ်​ပေး​ရေး မာန်​​အောင်​မြို့တွင်​ ဆန္ဒဖော်​ထုတ် Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.