ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းတွင်​ ခရီးသည်​တင်​ Express ယာဉ်​မှ လမ်းပြတ်​ကူးသူ တိုက်​မိ​သေဆုံး


နေပြည်​​တော်​၊ သြဂုတ်​ ၉

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏မိုင်​တိုင်​ အမှတ်​ ၂၀/၄ နှင့်​ ၂၀/၅ အကြား သြဂုတ်လ ၈ ရက်နေ့  ည ၇ နာရီ​ကျော်​က ခရီးသည်​တင်​ EXPRESS ယာဉ်​မှ လမ်းပြတ်​ကူးသူကို ​တိုက်​မိခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ရန်​ကုန်​ဘက်​မှ​ နေပြည်​​တော်​ဘက်​သို့ ယာဉ်​​မောင်း ဦးဝင်း​ဇော်​ ​မောင်းနှင်​လာ​သော ​အောင်​၀င်းနိုင်​ ခရီးသည်​တင် EXPRESS ယာဉ်​မှာ အမြန်​လမ်းအား အ​နောက်​မှ အ​ရှေ့ဘက်​သို့ လမ်းဖြတ်​ကူး​သော ဦးသန်းထွန်း(လက်​​ထောက်​ဌာနမှူး၊ ကွန်​ပျူတာဌာန၊ ဗဟိုဝန်​ထမ်းတက္ကသိုလ်​-(ဇီးပင်​ကြီး)၊ပြင်​ဦးလွင်​မြို့ ​နေသူအား ၀င်​​ရောက်​တိုက်​မိခဲ့သည်​။


ယာဉ်​တိုက်​မှု​ကြောင့်​ express ခရီး သည်​ တင်​ယာဉ်​​ပေါ်မှခရီးသည်​ ၂၈ဦးမှာ ထိ ခိုက်​မှုမရှိ​သော်​လည်း ယာဉ်​တိုက်​ခံရသူ ဦးသန်းထွန်းမှာ ပြင်းထန်​စွာ ဒဏ်​ရာရရှိသဖြင့်​  အမှတ်​ ၃ အမြန်​လမ်းမကြီး ရဲစခန်းပိုင်​ယာဉ်​ဖြင့်​ လှည်းကူး​ဆေးရုံသို့ ပို့​ဆောင်​စဉ်​လမ်း၌ ​သေဆုံးသွားခဲ့သည်​။


သို့ပါ၍ အမြန်​လမ်းမကြီး​ပေါ်တွင် ​ဖြတ်​သန်းသွားလာခွင့်​မရှိပဲ လမ်းပြတ်​ကူးသူ ဦးသန်းထွန်​အား သက်​ဆိုင်​ရာက အမှုဖွင့် ထား​ ကြောင်းသိရသည်​။

အလားတူ ယမန်​​နေ့ည ၁၁ နာရီခန့်​က မိုင်​တိုင်​အမှတ်​ ၅၇/ ၃ အနီး ​နေပြည်​​တော်​ ဘက်​မှရန်​ကုန်​ဘက်​သို့ ယာဉ်​​မောင်းမိုးဝင်း သန်း ​မောင်းနှင်​လာ​သော Nissan Condor ၆ ဘီးယာဉ်​မှာ အရှိန်​မထိမ်းနိုင်​ဘဲလမ်းလယ်​ကပ်​တုံးတိုက်​ကာ လမ်းလယ်​ကျွန်း​ပေါ်သို့ တိမ်း​မှောက်​ခဲ့သည်​။

ဖြစ်​စဉ်​​ကြောင့်​ယာဉ်​​ပေါ်ပါ နှစ်​ဦးမှာဒဏ်​ရာရရှိမှုမရှိ​သော်​လည်း ယာဉ်​မှာ အနည်း ငယ်​ပျက်​စီးသွားသည်​။ သို့ပါ၍ယာဉ်​​မောင်း အား သက်​ဆိုင်​ရာကအ​ရေးယူထား​ကြောင်း သိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Min Myat Oo (FB)
ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းတွင်​ ခရီးသည်​တင်​ Express ယာဉ်​မှ လမ်းပြတ်​ကူးသူ တိုက်​မိ​သေဆုံး ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းတွင်​ ခရီးသည်​တင်​ Express ယာဉ်​မှ လမ်းပြတ်​ကူးသူ တိုက်​မိ​သေဆုံး Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.