ဖြူး ၁၁၅ မိုင်​ တိုးဂိတ်​အား Express ယာဉ်​ ၀င်​တိုက်​ပြန်​ပြီ


နေပြည်​​တော်​၊သြဂုတ်​ ၆

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ ဖြူး ၁၁၅ မိုင်​ ရှိလမ်းအသုံးပြုခ​ကောက်​ခံ​ရေး တိုးဂိတ်​အား ယ​နေ့နံနက်​ ၁ နာရီ ၁၅ မိနစ်​က ​ကောင်းမြတ်​မန်း ခရီးသည်​တင်​ Express ယာဉ်​မှဝင်​တိုက်​ခဲ့​ကြောင်းသိရ သည်​။

နေပြည်​​တော်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာဉ်​​မောင်း ၀င်းတင်​​မောင်းနှင်​လာ​သော ​ကောင်းမြတ်​မန်း ခရီးသည်​တင်​ယာဉ်​မှာ ၁၁၅ မိုင်​ ဖြူး လမ်းအသုံးပြုခ​ကောက်​ခံ​သော တိုးဂိတ်သို့ ၀င်​​ရောက်​စဉ်​ တူး​ဘောက်​တံခါးပွင့် ကာ တိုးဂိတ်​ မှန်​လုံခန်းအား ၀င်​​ရောက်​တိုက်​မိခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ Express ခရီးသည်​တင်​ယာဉ်​​ပေါ်ခရီးသည်​များနှင့် တိုးဂိတ်​ မှန်​လုံခန်း တွင်​ လမ်းအသုံးပြုခ ​ကောက်​ခံ​သောဝန်​ထမ်း များ ထိခိုက်​ဒဏ်​ရာရရှိမှု မရှိ​သော်​လည်း တိုးဂိတ်​မှန်​လုံခန်းမှာ ခန့်​မှန်းတန်​ဘိုး သိန်း ၃၀ ဖိုးခန့်​ ပျက်​စီးသွား​ကြောင်း သိရသည်​။

သို့ပါ၍ယာဉ်​အားမဆင်​မခြင်​​ပေါ့ဆစွာ​မောင်း နင်​သူ Express ယာဉ်​​မောင်းအာ ဖြူးအမြန်​လမ်းရဲတပ်​ဖွဲ့စခန်းမှ အမှုဖွင့်​စစ်​​ဆေးလျှက်​ရှိ​ကြောင်းသိရသည်​။

ညီညီသန်း(​နေပြည်​​တော်​)
ဓာတ်​ပုံ-အမြန်​လမ်းရဲတပ်​ဖွဲ့
Min Myat Oo (fb)
ဖြူး ၁၁၅ မိုင်​ တိုးဂိတ်​အား Express ယာဉ်​ ၀င်​တိုက်​ပြန်​ပြီ ဖြူး ၁၁၅ မိုင်​ တိုးဂိတ်​အား Express ယာဉ်​ ၀င်​တိုက်​ပြန်​ပြီ Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.