ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ လေယာဉ် တစ်စင်း အား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ က ပစ်ချ


    ဒမဂ္ဂစကက် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

    ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ က သြဂုတ်လ ၁၅ ရက်နေ့၌ ဆီးရီးယား နိုင်ငံ တောင်ပိုင်း သဲကန္တာရ ဒေသ တွင် အစိုးရ လေယာဉ် တစ်စင်း ကို ပစ်ချ ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆီးရီးယား လွတ်လပ်ရေး တပ်ဖွဲ့ လက်အောက်ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု မှ ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တွင် ၄င်း လက်နက်ကိုင် အဖွဲ့အစည်း က As-Suwayda ပြည်နယ် အရှေ့ပိုင်းရှိ သဲကန္တာရ တွင် MiG-21 တိုက်လေယာဉ် တစ်စင်းကို ပစ်ချ နိုင်ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ သြဂုတ်လ ၁၅ ရက်နေ့ က သတင်းဖော်ပြမှု တွင် စစ်ဘက်ဆိုင်ရာ လေယာဉ် တစ်စင်း သည် As-Suwayda ပြည်နယ် အရှေ့ပိုင်း ဒေသတွင် တာဝန် ထမ်းဆောင်နေစဉ် အတွင်း ပျက်ကျသွားခဲ့ပြီး ပျက်ကျခဲ့သည့် အကြောင်းရင်း ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

As-Suwayda ပြည်နယ် သည် ဆီးရီးယား နိုင်ငံ တောင်ပိုင်းတွင် တည်ရှိပြီး ယင်းဒေသ နေရာ အများစု ကို အစိုးရ တပ်ဖွဲ့မှ ထိန်းချုပ်ထားသည်။ ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ ယင်းပြည်နယ် အရှေ့ပိုင်းရှိ တပ်စခန်းများသည် မကြာခဏ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ ၏ တိုက်ခိုက်မှု ကို ခံရကြောင်း သိရှိခဲ့ရသည်။

(Xinhua)
http://xinhuamyanmar.com
ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ လေယာဉ် တစ်စင်း အား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ က ပစ်ချ ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ လေယာဉ် တစ်စင်း အား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ က ပစ်ချ Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.