မောင်တောဒေသအတွင်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်


[အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား သတင်း -၁၂]

မောင်တောဒေသအတွင်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်

နေပြည်တော်၊ သြဂုတ် ၂၈

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၂၇ ရက် ၊ ညနေပိုင်းတွင် မောင်တောမြို့နယ် ၊ ကြောင်ဒိုးကျေးရွာ နှင့် အောင်သပြေကျေးရွာကြား နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဉ် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက လမ်းဘေးဝဲယာမှနေ၍ လုပ်သေနတ်၊ လက်လုပ်မိုင်း တို့ဖြင့် ဝိုင်းဝန်းပစ်ခတ်အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် များက ပြန်လည်ခုခံ ရှင်းလင်းခဲ့ရသည်။

ထို့ပြင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ဇင်ပိုင်ညာလမ်းဆုံတွင် ပေါက်ကွဲခဲ့သည်။

ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျီးကျွန်းကင်းစခန်းအတွင်း နယ်မြေစိုးမိုးရေး ဆောင်ရွက်စဉ် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၃ ဦးတို့သည် လောင်းလှေ (၂) စီးဖြင့် တစ်ဖက်ကမ်းသို့ လှော်ခတ်ထွက်ပြေးသွားခဲ့သည်။

ကျီးကျွန်းကင်းစခန်းအနီးရှိ ပုဇွန်ကန်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၅၀ ခန့် နေထိုင်ခဲ့သည်ကို တွေ့ရှိရပြီး စခန်း၏ အိပ်ဆောင်ကြမ်းခင်းများအား မီးရှို့ဖျက်ဆီးထားကြောင်း သိရှိရသည်။

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ည ၁၀ နာရီ မိနစ် ၂၀ တွင် ဇင်ပိုင်ညာ ရဲကင်းစခန်းအား စတင်ဝိုင်းထားခဲ့ပြီးနောက် စခန်း၏ ၁ မိုင်ခန့်အကွာ၌ လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့သည်။

အလားတူ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများသည် ရွာသစ်ကျေးရွာအတွင်း၌ ၁ လုံး၊ ကျောက်လှေကား ကျေးရွာအတွင်း၌ ၁ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ရဲကင်းစခန်းအား တင်းမေကျေးရွာမှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားအင်အား ၅၀၀ ခန့်က ဝိုင်းဝန်းထားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက် ရှင်းလင်းခဲ့ရာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ညပိုင်းတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ဇီးပင်ချောင်း ကင်းစခန်းအား မီးရှို့ဖျက်ဆီးခဲ့ရာ သြဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် မီးငြိမ်းသွားခဲ့သည်။

လက်လုပ်မိုင်းပေါက်ကွဲပြီးနောက် ဇင်ပိုင်ညာ ရဲစခန်းသို့ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၈၀ ဦးခန့်မှ အနီးကပ် ချဉ်းကပ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဇင်ပိုင်ညာကျေးရွာထဲသို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် အော်လီတူလာ ကျေးရွာအနီး၌ လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့သည်။

သြဂုတ်လ ၂၈ ရက် နံနက် ၁ နာရီ တွင် မောင်တောမြို့နယ် ၊ မြို့မ ကညင်တန်းရပ်ကွက်ရှိ အဒူလာ၏ နေအိမ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့သဖြင့် နာရီဝက်အတွင်း မီးငြိမ်းသွားခဲ့သည်။

နံနက်ပိုင်းတွင် သရေကုန်းဘောင်ရဲကင်းနှင့် ကိုက် ၅၀ ခန့်အကွာရှိ ဖွေရူဘာတာရွာအနီး၌ မိုင်း ၁ လုံး ၊ ရွာအတွင်း၌ နောက်ထပ် မိုင်း ၁ လုံး၊ ပြင်ဖြူနယ်မြေရုံးနှင့် ကိုက် ၅၀၀ ခန့်အကွာ၌ ရွာသစ်ကျေးရွာ၌ လက်လုပ်မိုင်း ၁ လုံး အသီးသီးပေါက်ကွဲခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကိုးတန်ကောက်ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် ကျေးရွာ အထွက်လမ်း၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် ၊ ခွဆုံကျေးရွာသို့ နယ်မြေစိုးမိုးရေး ဆောင်ရွက်ရန် သွားရောက်စဉ် ရွာအဝင်တံတားအရောက်၌ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း နယ်မြေစိုးမိုးရေးဆောင်ရွက်ရာ တပ်ဖွဲ့ဝင် များအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၃၀၀ ခန့်မှ စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားချိန်တွင် အကြမ်းဖက်သမားများသည် ရွာရှိ နေအိမ် များအား မီးရှို့ဖျက်ဆီး၍ မေယုတောင်ကြောဘက်သို့ ထွက်ပြေးသွားခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့များသည် ခွဆုံကျေးရွာအတွင်း ဆက်လက်ရှင်းလင်းခဲ့ရာ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည် ၁၀ တောင့် နှင့် လက်လုပ်မိုင်း ၂ လုံး တို့အား တွေ့ရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ကိုးတန်ကောက်ကျေးရွာ၌ နယ်မြေရှင်းလင်းစဉ် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများမှ ပစ်ခတ်တိုက်ခိုက်ပြီး မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ တူမီးသေနတ် ၂ လက် သိမ်းဆည်း ရမိခဲ့ပြီး ဆွဲမိုင်း များ ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သဝန်ချောင်းကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ခွဆုံကျေးရွာနှင့် သဝန်ချောင်းကျေးရွာအကြား ကွင်းပြင်၌ အလျား ၁ ပေ၊ ထု ၆ လက်မခန့်ရှိ မြေကျင်း အတွင်းမှ TNT ယမ်းပျော့ ကပ်ထားသည့် ဘထ္ထရီအိုးပါ ရီမုမိုင်း ၁ လုံး တွေ့ရှိတူးဖော်ရရှိခဲ့သည်။

နံနက် ၉ နာရီ ၂၅ မိနစ်တွင် အထက်ပြူးမ(နတလ) ရွာ မှ နေအိမ် ၃၀ နှင့် ဝက်ကျိမ်း(မြိုရွာ) မှ နေအိမ် ၃၀ တို့အား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောက်လှေခါး ရွာလယ်လမ်းတွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့သည်။

နံနက် ၁၀ နာရီတွင် မောင်တောမြို့၊ မြို့မ ကညင်တန်းရပ်ကွက်ရှိ ဘင်္ဂါလီနေအိမ် ၁ လုံးအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက မီးရှို့ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကိုးတန်ကောက် မြစ်နားရွာအတွင်း နယ်မြေစိုးမိုးရေး ဆောင်ရွက်ရာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားရှည်များဖြင့် ဝင်ရောက်ခုတ်သဖြင့် ပြန်လည်ခုခံရှင်းလင်းခဲ့ရသည်။

နံနက် ၁၀ နာခွဲတွင် မြို့မ ကညင်တန်းရပ်ကွက်ရှိ ဘင်္ဂါလီနေအိမ် ၁ လုံးအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက မီးရှို့ခဲ့သဖြင့် ထပ်မံမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် နံနက် ၁၀ နာရီ ၄၈ မိနစ်တွင် ဇင်ပိုင်ညာလမ်းဆုံ၌ လက်လုပ်မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် အဆိုပါလမ်းဆုံ၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၆ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ကျောက်လှေကား ရွာလယ်လမ်း၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲပြီး ဇင်ပိုင်ညာလမ်းဆုံးအနီးရှိ အိမ်တစ်လုံးအား အကြမ်းဖက်သမား ၁ ဦးက မီးရှို့ပြီး လက်လုပ်မိုင်း ၁ လုံးဖောက်ခွဲ၍ ထွက်ပြေးသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရွှေဇားရဲကင်းရှေ့ရှိ လူနေအိမ်များအား ရှင်းလင်းရာ အနီ/ အနက် ဝါယာကြိုးဖြင့် ဆက်သွယ်ထားပြီး တိပ်အနက် ပတ်ထားသော အထုတ် ၆ ထုပ် တွေ့ရှိခဲ့သည်။

နံနက် ၁၁ နာရီ ၁၃ မိနစ်တွင် ဇင်ပိုင်ညာလမ်းဆုံ၌ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။

နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် နယ်မြေ (၄) အတွင်းရှိ စကားပင်ရင်းရွာနှင့် ကြက်ကျိမ်းရွာမှ ဘင်္ဂါလီများသည် ၎င်းတို့နေအိမ်များအား မီးရှို့၍ ထွက်ပြေးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် မြစ်နားရွာအား နယ်မြေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်စဉ် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁ ဦးအား ဆွဲမိုင်း ၁ လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးခဲ့သည်။

ထို့ပြင် နယ်မြေ (၅) သရက်အုပ်ကင်းစခန်းအနီးသို့ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၅၀၀ ကျော်ခန့်မှ ချဉ်းကပ်လာပြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သိရှိရသည်။

နေ့လည် ၁၂ နာရီ ၃၀ တွင် မောင်တောမြို့ပေါ် ၊ ရပ်ကွက် ၅ ၊ ကာလာဘာ(ဘင်္ဂါလီ) ကျေးရွာတွင် မီးလောင်ကျွမ်းခဲ့ပြီး ၎င်းနေရာမှ လက်လုပ်ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး နေ့လည် ၁၂ နာရီ ၄၅ တွင် မောင်တောခရိုင် ၊ အုပ်ချုပ်ရေးမှူးရုံးနောက်ရှိ ဘင်္ဂါလီများ နေထိုင်သည့် နေအိမ် ၁၉ လုံး မီးလောင်ကျွမ်းသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်နေစဉ် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်။

မွန်းလွဲပိုင်းတွင် ကြက်ကျိမ်းရွာဘက်မှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၅၀ ဦးခန့်သည် ဝက်ကျိမ်း ဘုရားတောင်ကြောဘက်သို့လည်းကောင်း၊ ပဒေးကားရွာဘက်မှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀၀ ဦးခန့်သည် မင်းကြီးမြောက်ရွာဘက်သို့လည်းကောင်း ဝင်ရောက်သွားခဲ့ ကြောင်း သိရသည်။

မောင်တောမြို့ ၊ မြို့မ ကညင်တန်းအုပ်စု ၊ ဒီပါရွာရပ်ကွက် မီးလောင်ပြင်နေရာ၌ မိုင်း ၃ လုံး ၊ ဇင်ညာပိုင်လမ်းဆုံတွင် မိုင်း ၅ လုံး စုစုပေါင်း မိုင်း ၈ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

မွန်းလွဲ ၁ နာရီတွင် နယ်မြေ (၉) ၊ ကျောက်ပန္တုကျေးရွာတွင် လုံခြုံရေးယူထားသော တပ်ဖွဲ့ဝင်များအား ကျောက်ပန္တုစေတီမှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀၀ ကျော်ခန့်က လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ခုခံရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ကိုင်ဆောင် သည့် လုပ်သေနတ် ၁ လက် ၊ ဓားရှည် ၃ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

ဇင်ပိုင်ညာလမ်းဆုံတွင် လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့သည်။ ကျောက်လှေကားရွာ ပြင်ဖြူ ရဲစခန်းအနီးရှိ နေအိမ် ၂ လုံးပေါ်မှနေ၍ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲစခန်းဝန်း အတွင်းသို့ လက်နက်ငယ်ဖြင့် ၁၂ ချက်ခန့် ပစ်ခတ်ပြီး လက်လုပ်မိုင်း ၃ လုံးဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အလားတူ ရွာသစ်ရွာဘက်မှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ပြင်ဖြူရဲစခန်းဘက်သို့ ၇ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီကျော်တွင် နယ်မြေ (၆) ရှိ ရွာသစ်ရွာထဲ၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ပြင်ဖြူမြို့ နယ်မြေရုံးအား သေနတ်များဖြင့် ၁၂ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၃ နာရီ ၁၅ မိနစ်တွင် နယ်မြေ (၁၁) အတွင်းရှိ ရသေ့တောင်မြို့နယ် ၊ ချွတ်ပြင် (ရခိုင်) ကျေးရွာ သို့ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁ ဦးမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချွတ်ပြင် ဘင်္ဂါလီရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချွတ်ပြင်(ဘင်္ဂါလီ) ကျေးရွာအတွင်းသို့ ဝင်ရောက် ရှင်းလင်းရာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၈၀ ဦးခန့်မှ လက်လုပ်ဗုံး၊ သေနတ်၊ ဓား၊ လှံများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ မိနစ် ၄၀ တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ၎င်းတို့၏ နေအိမ်များအား ပြန်လည် မီးရှို့ကာ အထက်နန်းရာကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများထံမှ လုပ်သေနတ် ၁ လက်၊ ဓား ၂၂ ချောင်း၊ လှံ ၂ ချောင်း နှင့် ဂျင်ကလိများ သိမ်းဆည်း ရမိခဲ့သည်။

ညနေ ၆ နာရီ တွင် မောင်တောမြို့ ၊ ဝိမလ တိုင်းရင်းသားရပ်ကွက်အား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများမှ မောင်တောမြို့ ပျက်စီးရေးအတွက် အကြိမ်ကြိမ်မီးရှို့ခြင်း ၊ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များသည် မြို့လုံခြုံရေးနှင့် မီးလောင်ဆုံးရှုံးမှု မဖြစ်စေရေး အလေးထားကာကွယ်ဆောင်ရွက်လျက်ရှိပြီး ကြောင်းသိရသည်။

ထိုသို့ ကာကွယ်မှုကြောင့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် မီးရှို့ရန် အခွင့်မသာ သည့်အချိန်တွင် မောင်တောမြို့မရပ်ကွက်၊ ဇောတိကာရုံကျောင်းတိုက်ဝင်းအတွင်း ကွမ်းသီးကောက် နေသည့် မောင်သန်းလှိုင် (၁၆) နှစ် ၊ (မြို) တိုင်းရင်းသား အား လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သော ကြောင့် ယာဘက်ပေါင်တွင် ခဲသီးပေါက်မှန်ဒဏ်ရာ ၁၀ ချက် ရရှိခဲ့သဖြင့် မောင်တောဆေးရုံတွင် ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ လက်လုပ်မိုင်း ၄၅ လုံး ပေါက်ကွဲခဲ့ပြီး ကျေးရွာ ၇ ရွာ ၊ ကင်းစခန်း ၁ ခု နှင့် မောင်တောမြို့ပေါ် ရပ်ကွက် ၂ နေရာတို့အား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

ထပ်မံရရှိသည့် သတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
မောင်တောဒေသအတွင်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ် မောင်တောဒေသအတွင်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ် Reviewed by THITHTOOLWIN on 22:58 Rating: 5
Powered by Blogger.