ဘူးသီးတောင်မြို့နယ်၌ ကျန်းမာရေးဝန်ထမ်း ၁ ဦးပျောက်ဆုံး


သြဂုတ် ၁၃၊၂၀၁၇

ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာနေ ငှက်ဖျားဌာနမှ ကျန်းမာရေးဝန်ထမ်း ဦးထွန်းအေးမောင်သည် သြဂုတ် ၁ ရက် မွန်းတည့် ၁၂ နာရီတွင် သလူပြားကျေးရွာနေ ဒေါ်မနု ၅၅ နှစ်မှာ မကျန်းမာသဖြင့် ဆေးကုသပေးရန် ၎င်းရွာနေ အောင်ကျော်ဝင်း ၂၉နှစ် ပါ ၂ ဦးသည် လာရောက်ခေါ်ဆောင် သွားခဲ့သည်။

ကျန်းမာရေးဝန်ထမ်း ဦးထွန်းအေးမောင်သည် သြဂုတ် ၈ ရက် နံနက် ၇ နာရီတွင် ပြန်လာခဲ့ သော်လည်း အိမ်သို့ပြန်မရောက်သဖြင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မဖြူသည် သြဂုတ် ၁၂ ရက် ညနေ ၅ နာရီခွဲတွင် ညောင်ချောင်းနယ်မြေစခန်း၌ အမှုဖွင့် စုံစမ်းလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ဘူးသီးတောင်မြို့နယ်၌ ကျန်းမာရေးဝန်ထမ်း ၁ ဦးပျောက်ဆုံး  ဘူးသီးတောင်မြို့နယ်၌ ကျန်းမာရေးဝန်ထမ်း ၁ ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.