အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည် ဟု ယူဆခဲ့သော ဒိုင်းနက် တိုင်းရင်းသား များအား ကယ်ဆယ်နိုင်ခဲ့
[အစွန်းရောက် ဘဂါင်္လီ အကြမ်းဖက်သမား သတင်း - ၁၁]
အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည် ဟု ယူဆခဲ့သော ဒိုင်းနက် တိုင်းရင်းသား များအား ကယ်ဆယ်နိုင်ခဲ့
သြဂုတ် ၂၈၊ ၂၀၁၇
မောင်တောမြို့နယ် နယ်မြေ (၂)၊ ရန်ကာစေတီကျေးရွာ ဒိုင်းနက် တိုင်းရင်းသား ၂၂ ဦးသည် သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အောင်ဇံတိုင်းရင်းသားကျေးရွာ သို့သွားရောက်နေထိုင်ရန် ထွက်ခွာလာစဉ် ကြောင်ဒိုးကျေးရွာအဝင်တံတားအနီး၌ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၁၀၀ဦး ခန့်က တုတ်၊ ဓါးများဖြင့် ဝိုင်းဝန်းထိုးခုတ်သောကြောင့် ဦးမောင်ဘစိန် ၂၈ နှစ် ထွက်ပြေးလွတ်မြောက်ခဲ့မှု သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၂၇ ရက်နေ့တွင် ရန်ကာစေတီရွာသို့ ရောက်ရှိပြီး ရွာ၌ပုန်းကွယ်ကျန်ရှိနေသော ဦးကျော်သာအောင် ၆၀နှစ်အပါအဝင် ဒိုင်းနက်လူမျိုး ၃၈ ဦးအား ကူညီ ကယ်ဆယ်ခဲ့ပြီး နယ်မြေရုံးသို့ ခေါ်ဆောင်ခဲ့သည်။ အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုမှ လွတ်မြောက်လာသူ အမျိုးသား ၈ဦး နှင့် အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၆ ဦးတို့သည် သြဂုတ်လ ၂၈ ရက် (ယနေ့) နံနက် ၅နာရီတွင် နယ်မြေရုံးသို့ ရောက်ရှိလာခဲ့ပြီး မဦးခင်ခင် ၂၇ နှစ်၊ (ဖ) ဦးစံရွှေအောင်တွင် ဓါးပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့၍ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်အရ ဦးစိန်ထွန်းမောင် ၂၈ နှစ်အပါအဝင် ၅ ဦးတို့မှာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားအဖွဲ့၏ ဝိုင်းဝန်းထိုးခုတ်မှုကြောင့် သြဂုတ်၂၆ ရက် အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ကြောင်း သိရသည်။
အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရသော ရန်ကာစေတီကျေးရွာနှေ ဒိုင်းနက် တိုင်းရင်းသား ၂၂ဦးအနက်မှ ၅ဦးသေဆုံးခဲ့ပြီး ၁၇ ဦးကယ်တင်နိုင်ခဲ့သည်။ အလားတူ အကြမ်းဖက်သမား များ၏ အန္တရာယ်မှတိမ်းရှောင် ပုန်းကွယ်နေခဲ့ရသော ဒိုင်းနက်တိုင်းရင်းသား ၃၈ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ရွှေ့ပြောင်းပေးနိုင်ခဲ့သဖြင့် စုစုပေါင်း ဒိုင်းနက်တိုင်းရင်းသား ၅၅ ဦးအား ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည် ဟု ယူဆခဲ့သော ဒိုင်းနက် တိုင်းရင်းသား များအား ကယ်ဆယ်နိုင်ခဲ့
Reviewed by THITHTOOLWIN
on
22:52
Rating: