ဧရာဝတီမြစ်အတွင်း စက်လှေတစ်စင်းနစ်မြုပ်၊ အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ


အောင်လံ၊ သြဂုတ် ၆ ။

သြဂုတ်လ ၆ ရက် ညနေ ၃ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊အောင်လံမြို့နယ်၊ မြွေရိုးကျေးရွာအနီး၊ ဧရာဝတီမြစ်ထဲတွင် ခရီးသည်များနှင့်ဆန်အိတ်များတင်ဆောင်လာသည့် စက်လှေတစ်စင်းနစ်မြုပ်ခဲ့ရာ၊ ခရီးသည်အမျိုးသမီးတစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊
သရက်မြို့ရှိ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကယနေ့ညပိုင်းတွင် AHN သို့ပြောသည်။

“စက်လှေဝမ်းဗိုက်နဲ့ သစ်ငုတ်ထိုးမိလို့ စက်လှေဝမ်းဗိုက်ပေါက်ပြီး ရေ၀င်နစ်မြုပ်ခဲ့တာလို့သိရပါတယ်။ ခရီးသည် ၃၁ ဦးပါပါတယ်။ အမျိုးသမီး တစ် ဦးပျောက်ဆုံးနေပါတယ်။ ကျန် ၃၀ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါက ဒီနေ့ ညပိုင်းအထိရရှိတဲ့ သတင်းအချက်အလက်ပါ “ ဟု ၄င်းကပြောသည်။


စက်လှေသည် ခရီးသည် ၃၁ဦး(ကျား ၉၊ မ ၂၁၊ ရဟန်း ၁ ပါး)နှင့် ဆန်အိတ်များတင်ဆောင်လာစဉ် ရေမိုင် ၂ မိုင်ခန့်အကွာတွင် စက်လှေဝမ်းဗိုက်နှင့် သစ်ငုတ်ထိုးမိရာမှ စက်လှေဝမ်းဗိုက်ပေါက်ပြီး ရေ၀င်ကာနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အောင်လံမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမင်းသိမ်းထွန်း ဦးဆောင်၍ သန္ဓေ(၁၀)ဦး၊ အရန်(၁၅) ဦးတို့က Assault Boat စက်လှေ ၁ စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

စိုင်းမင်း
PHOTO = Myanmar Fire Services Department
The Asia Heart News
ဧရာဝတီမြစ်အတွင်း စက်လှေတစ်စင်းနစ်မြုပ်၊ အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ ဧရာဝတီမြစ်အတွင်း စက်လှေတစ်စင်းနစ်မြုပ်၊ အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.