ရတနာ့ဂူဘုရားပွဲ​တော်​နှင့်​ ပုပ္ပားမယ်​​တော်​နတ်​ပွဲ ရိုးရာအစဉ်​ အလာ အစီအစဉ်​များအတိုင်း ကျင်းပကြ


မန္တ​လေးမြို့၊ အမရပူရမြို့နယ်​၊ ငယ်​တိုး​ကျေးရွာတွင်​ နှစ်​စဉ်ကျင်းပမြဲဖြစ်​​​သော ရတနာ့ဂူ ဘုရားပွဲ​တော်​နှင့်​ ပုပ္ပားမယ်​ကြီးနတ်​ပွဲအား သြဂုတ်​လ ၁၄ရက်​​နေ့ ညပိုင်းက အစဉ်​အလာမပျက်​ နတ်​သဘင်​ညီလာခံကျင်းပကာ ပုပ္ပားမယ်​​တော်​ကြီးနတ်​ပွဲကို ​ရှေးရိုးရာ အစီအစဉ်​များအတိုင်း ကျင်းပကြောင်း သိရသည်​။

ရတနာဂူဘုရားပွဲ​တော်​နှင့်​ ပုပ္ပားမယ်​​တော်​ကြီးနတ်​ပွဲသည်​ နှစ်​စဉ်​ကျင်းပသည့်​ပွဲဖြစ်​ပြီး နတ်​ပွဲမှရရှိသည့်​​ငွေများကို ရတနာ့ဂူဘုရားအား လှူဒါန်း​​ကြောင်း၊ အထက်​နန်း၊ အလယ်​နန်း၊ အောက်​နန်းများတွင်​ သတ်​မှတ်​ထားသည့်​ ​ရှေးရိုးရာ အစဉ်​အလာ ရက်​များအတိုင်း မယ်​​တော်​ကြိုပွဲ၊ ချိုး​ရေ​တော်​သုံးပွဲ၊ ထိန်​ခုတ်​ပွဲ၊ မယ်​​တော်​ပို့ပွဲ စသည်​ဖြင့်​ ကျင်းပရခြင်းဖြစ်​ကာ ညပိုင်းတွင်​ နတ်​နန်း ​ရွှေတိုက်​စာရင်းဝင်​ နတ်​အုပ်​မင်း၊ သိုး​ဆောင်းမိဖုရားကြီး၊ ​ဖောင်း​တော်​​ဆောင်းအမတ်​ကြီး၊ အိပ်​ဖန်​​စောင့်​၊ သိုင်းကိုင်​ ကျိုးင်းကိုင်​ စသည့်​ နတ်​ဆရာ၊ နတ်​က​တော်​ကြီးများဖြင့်​ နတ်​ညီလာခံကျင်းပ​ကြောင်း၊ ​ဒေသခံများ၊ နတ်​ရိုးရာသက်​ဆိုင်​သူ​များ လာ​ရောက်​ကြ​ကြောင်း၊ ဆိုင်းဝိုင်းမတီးရ​သော်​လည်း ရိုးရာအစဉ်​အလာမပျက်​ အစီအစဉ်​များအတိုင်းကျင်းပဖြစ်​​ကြောင်း နတ်​ဆရာတစ်​ဦးက​ ပြောသည်​။

မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအ​နေဖြင့်​ ​တောင်​ပြုံးပွဲ​တော်​ အပါအဝင်​ လူစည်​ကားသည့်​​ ရက်​ရှည်​ပွဲ​တော်​များကို ရာသီတုပ်​​ကွေး​ရောဂါ (H1N1) မပြန့်​ပွား​ရေးနှင့်​ ​ရောဂါထိန်းချုပ်​နိုင်​ရေးအတွက်​ ပွဲကျင်းပခွင့်​များကို ပိတ်​သိမ်းထား​သော်​လည်း ရိုးရာအရ မကျင်းပ မဖြစ်​ကျင်းပရမည့်​သူများရှိသဖြင့်​ ရတနာ့ဂူပွဲ​တော်​နှင့်​ ပုပ္ပားမယ်​​တော်​ကြီးနတ်​ပွဲ​တော်​ကို သြဂုတ်​လ ၁၄ ရက်​​နေ့ ညမှစတင်​ကာ နှစ်​စဉ်​ကျင်းပခဲ့သည့်​အတိုင်း ရိုးရာမပျက်​ နတ်​ညီလာခံသဘင်​ကျင်းပ၍ နတ်​ယုံကြည်​ကိုးကွယ်​သူများ၊ ရိုးရာသက်​ဆိုင်​သူများအ​နေဖြင့်​ ပန်းဆက်သခြင်း၊ အုန်းမျက်​နှာပွင့်​ ဆက်​သခြင်း၊ က​န်​​တော့ပွဲ ဆက်​သခြင်းများ​ရှိပြီး ယခင်​နှစ်​​များကဲ့သို့ ပွဲဈေးတန်းများ၊ ဇာတ်သဘင်​များ၊ ဆိုင်းဝိုင်းများ မပါရှိ​​စေကာမူ နတ်​ရိုးရာ ယုံကြည်​ကိုးကွယ်​သူများအ​နေဖြင့်​ မပျက်​မကွက်​ လာ​ရောက်​လျှက်​ရှိသည်​ကို​တွေ့ရသည်​။

( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
ရတနာ့ဂူဘုရားပွဲ​တော်​နှင့်​ ပုပ္ပားမယ်​​တော်​နတ်​ပွဲ ရိုးရာအစဉ်​ အလာ အစီအစဉ်​များအတိုင်း ကျင်းပကြ ရတနာ့ဂူဘုရားပွဲ​တော်​နှင့်​ ပုပ္ပားမယ်​​တော်​နတ်​ပွဲ ရိုးရာအစဉ်​ အလာ အစီအစဉ်​များအတိုင်း ကျင်းပကြ Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.