မွတ်စလင်တွေကို ရခိုင်တွေ ပိတ်ဆို့ထား


ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို အဲဒီဒေသမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ ရခိုင်တိုင်းရင်းသားတွေက ရွာပြင်ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားတယ်လို့ အင်္ဂါနေ့ မနေ့က ရတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

အဲဒီရွာသားတွေကို အစာရေစာ ရှာဖွေခွင့်နဲ့ ရွာပြင်ထွက် အလုပ်လုပ်ခွင့်မပေးတာ ၃ ပတ်ရှိသွားပြီဖြစ်ပြီး အစားအစာတွေကိုတော့ အကန့်အသတ်နဲ့ ဝယ်ခွင့်ပြုတယ်လို့ ဆိုပါတယ်။ မြန်မာရဲတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး မျိုးသူစိုး က ရွာသားတွေဟာ ရွာပြင်ထွက်ရမှာကို ကြောက်လို့ အပြင်မထွက်တာပဲဖြစ်လိမ့်မယ်လို့ သူထင်မြင်ကြောင်း ပြောပါတယ်။

အဲဒီ စေတီပြင်ရွာမှာ လူ ၅ ထောင်ခန့်ရှိပြီး ရခိုင်လူမျိုးတွေကော ရိုဟင်ဂျာတွေပါ နေထိုင်ကြတဲ့အတွက် ဘုန်းတော်ကြီးကျောင်းတခုနဲ့ ဗလီတခုလည်း ရှိကြောင်း၊ ဇူလိုင်လကစပြီး ရိုဟင်ဂျာရွာသား ၇ဝဝ ခန့်ကို ရခိုင်ရွာသားတွေက ခြံစည်းရိုးကာပြီး အဝင်အထွက်ပိတ်ထားကြောင်း၊ ရခိုင် ဗုဒ္ဓဘာသာဝင်တဦး ပျောက်ဆုံးကာ တပြိုင်နက်ရက်ပိုင်းအတွင်း မွတ်စလင် ၃ ဦး သတ်ဖြတ်ခံရပြီးနောက်မှာ တင်းမာမှုတွေ စတင်ခဲ့ကြောင်း စသဖြင့် ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ