နူရူလ္လာကျေးရွာသား ၁ ဦး သတ်ဖြတ်ခံရ


သြဂုတ်၁၆၊ ၂၀၁၇

မောင်တောမြို့နယ် တပ်ဦးချောင်းကျေးရွာအုပ်စု နူရူလ္လာကျေးရွာနေ ဟာဂျီ အီနုစ် ၆၅ နှစ်သည် သြဂုတ် ၁၅ ရက် နံနက် ၉ နာရီခွဲတွင် အီမီနာခါတူ၏ ကွမ်းယာဆိုင်တွင် ထိုင်နေစဉ် တစ်ရွာတည်းနေ အူမာရ်(ခ) မာဆောင်း ပါ ၃ ဦးမှ ဓားများဖြင့် ဝိုင်းဝန်းခုတ်မှုဖြစ်ပွားခဲ့သည်။

ဓားခုတ်မှုကြောင့် ဟာဂျီအီနုစ် တွင် ညာရင်အုံနှင့်ဦးခေါင်းနာက်စေ့ ပြတ်ရှဒဏ်ရာများ၊ ညာဝမ်းဗိုက် ၊ ညာရင်အုံကြား နှင့်နောက်ကျောကုန်း တို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့သဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရာ နံနက် ၁၁ နာရီတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဓားဖြင့်ခုတ်ပြီးထွက်ပြေးသွားသည့် အူမာရ် (ခ) မာဆောင်း ပါ ၃ ဦးအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းရှာဖွေလျက်ရှိကြောင်း နှင့် မကျီးချောင်းနယ်မြေစခန်း၌ အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
နူရူလ္လာကျေးရွာသား ၁ ဦး သတ်ဖြတ်ခံရ  နူရူလ္လာကျေးရွာသား ၁ ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.