ယီမင်ပြည်သူ ၁၄ဦးသေဆုံးရခြင်းသည် မှားယွင်းမှုတစ်ခုကြောင့် ဖြစ်ကြောင်း ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ ဝန်ခံ

ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ဓါတ်ပုံများကို ကိုင်ဆောင်ထားသည့် ယီမင်အမျိုးသမီးများအားတွေ့ရစဉ် (ဆင်ဟွာ)
    ရီယာ့ဒ်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

    ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ယီမင်နိုင်ငံ မြို့တော် တွင် အရပ်သား ၁၄ဦးသေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း နှင့် ယင်းတိုက်ခိုက်မှုသည် နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုကြောင့်ဖြစ်ကြောင်း သြဂုတ် ၂၆ရက်က ဝန်ခံခဲ့သည်ကို ဆော်ဒီသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ပစ်ခတ်မှုအား စုံစမ်းစစ်ဆေးသူများက ပြန်လည်သုံးသပ်ပြီးနောက် ယင်းမတော်တဆမှုနောက်ကွယ်တွင် နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုတစ်ခုရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ချက်၌ ပြောကြားခဲ့ကြောင်း သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ဆာနားမြို့ရှိ မျက်မြင်သက်သေများ နှင့် ဆေးကုသရေးအဖွဲ့များက သြဂုတ် ၂၅ ရက်တွင် ဆာနားမြို့ရှိ လူနေအဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၄ဦးတွင် ကလေးငယ်များ ပါဝင်ကြောင်းပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးများအတွက် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ ကို ဝေဖန်ပြစ်တင်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ယီမင်ပြည်သူ ၁၄ဦးသေဆုံးရခြင်းသည် မှားယွင်းမှုတစ်ခုကြောင့် ဖြစ်ကြောင်း ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ ဝန်ခံ ယီမင်ပြည်သူ ၁၄ဦးသေဆုံးရခြင်းသည် မှားယွင်းမှုတစ်ခုကြောင့် ဖြစ်ကြောင်း ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ ဝန်ခံ Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.