သားအဖချင်း စကားများရာက လူသတ်မှုဖြစ်ပွား


နေပြည်တော်၊ ဩဂုတ် ၂၁

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရွှေကူရပ်ကွက်နေ ဦးပေါက်စ(၅၅)နှစ်သည် အရက်မူးပြီး သားဖြစ်သူ အမင်းလေး (ခ)မင်းကျော်သူ(၁၈)နှစ်(အရက်မူးနေသူ)အား ဆုံးမစဉ် သားအဖချင်း စကားများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သားအဖချင်း စကားများစဉ် အမင်းလေး (ခ)မင်းကျော်သူ က အိပ်ယာအနီးရှိ အရိုးအသွား(၈) လက်မခန့်ရှိ ဓားဖြင့်ထိုးရာ ဦးပေါက်စတွင် ထိုးသွင်းဒဏ်ရာများ ရရှိသေဆုံးသွားသောကြောင့် အမင်းလေး(ခ)မင်းကျော်သူ အား ရမည်းသင်း မြို့မရဲစခန်း(ပ)၁၆၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

သားအဖချင်း စကားများရာက လူသတ်မှုဖြစ်ပွား  သားအဖချင်း စကားများရာက လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.