ဦးပိန်တံတား၌ သစ်​သားလက်တန်းများ တပ်ဆင်ရန် မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားခြင်း မရှိ


မန္တ​လေးမြို့ ​တောင်​သမန်​အင်းရှိ ​ရှေ​ဟောင်းသမိုင်းဝင်​ ဦးပိန်တံတား၌ သစ်​သားလက်တန်းများ တပ်ဆင်ရန် မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားခြင်း မရှိ​ကြောင်း အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက မန္တ​လေးသတင်းဂျာနယ်​သို့ ​ပြောကြားသည်​။


"ဦးပိန်​တံတားမှာ ခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် သစ်​သားလက်တန်းများ တပ်ဆင်ပေးမယ်​လို့​ပြောတဲ့ ဦးပိန်​တံတားပြုပြင်​ထိန်းသိမ်း​ရေးအဖွဲ့ဆိုတာ အစိုးရက တရားဝင်​ဖွဲ့​ပေးထားတဲ့ အဖွဲ့မဟုတ်​ဘူး။ ငှက်​​လှေသမားများ ​ဈေးသည်​များ ဖွဲ့ထားတဲ့ အဖွဲ့သာဖြစ်​ပါတယ်​။ ဦးပိန်​တံတားကို ပြုပြင်​မယ်​ဆိုရင်​ ​ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ရဲ့ ခွင့်​ပြုချက်​ရမှသာ ပြုပြင်​လို့ ရပါမယ်​။ အခုလို သစ်​သားလက်​တန်းများ တပ်​ဖို့ရန်​ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့က ခွင့်​ပြုထားခြင်း မရှိပါဘူးလို့ အသိ​ပေးလိုပါတယ်​။" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက ​ပြောကြားသည်​။


ထို့ပြင်​ မန္တလေးတိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းကို ​ဆက်​သွယ်​​မေးမြန်းရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကလည်း ခွင့်​ပြုထားခြင်း မရှိ​ကြောင်း သိရသည်​။

မန်းကိုကို
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
ဦးပိန်တံတား၌ သစ်​သားလက်တန်းများ တပ်ဆင်ရန် မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားခြင်း မရှိ ဦးပိန်တံတား၌ သစ်​သားလက်တန်းများ တပ်ဆင်ရန် မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားခြင်း မရှိ Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.