တရားမဝင်​ သို​လှောင်​ထား​သော ​ခဲသတ္တုများ လွိုင်​​ကော်​တွင်​ ဖမ်းမိ


သြဂုတ်​လ ၁၀ ရက်​​နေ့ ည​ ၁၀ ​နာရီ​ကျော်​အချိန်​က လွိုင်​​ကော်​မြို့နယ်​ရှိ ​နေရာ နှစ်​​နေရာတွင်​ သက်​​သေခံပစ္စည်းများနှင့်​တကွ တရားမဝင်​ခဲသတ္တုများကို သက်​​သေခံပစ္စည်းများနှင့်​တကွ သိမ်းဆည်းရရှိခဲ့​သည်​။

လွိုင်​​ကော်​မြို့ မိုင်းလုံးရပ်​ကွက်​၊ ပလဖလမ်း၊ အိမ်​အမှတ်​ ၄၂၆/က ခြံဝန်းအတွင်းရှိ ဂို​ဒေါင်​အတွင်း၌ ခဲသတ္တု ၂၉ အိတ်​၊ အိတ်​ချုပ်​ရာတွင်​ အသုံးပြု​သော ချုပ်​စက်​ ၂ လုံး၊ ချိန်​တွယ်​ကတ္တား ၁ လုံးနှင့်​ သတ္တုများ ထုတ်​ပိုးရာတွင်​ အသုံးပြု​သော ဆက်​စပ်​ပစ္စည်းများ ​တွေ့ရှိရသဖြင့်​ တာဝန်​ရှိသူများမှ မျက်​မြင်​​ရှေ့မှောက်​တွင်​ ရှာ​ဖွေသိမ်းဆည်းခဲ့သည်​။


ထို့အပြင်​ ပန်​ကန်း​ကျေးရွာအုပ်​စု၊ ထူဒူငံသ​ကျေးရွာ၊ (အ.မ.က)စာသင်​​ကျောင်းအနီးရှိ ခြံဝန်းအတွင်းရှိ ဂို​ဒေါင်​တွင်​ သတ္တုကို အမှုန့့်​ကြိတ်​စက်​တစ်​လုံးနှင့်​ သတ္တုများ ထုတ်​ပိုးရာတွင်​ အသုံးပြု​သော အခြားသက်​​သေခံပစ္စည်းများ ​တွေ့ရှိခဲ့သည်​။

အဆိုပါ သတ္တုများသည်​ တာဝန်​ရှိသူများမှ ထုတ်​​ပေးထား​သော အ​ထောက်​အထားများမပါရှိခြင်း​ကြောင့်​ တရားမဝင်​ခဲသတ္တုဖြစ်​သည်​ဟု ​မော်​ချီးသတ္တုတွင်းရုံးခွဲ ရုံးခွဲတာဝန်​ခံအင်​ဂျင်​နီယာ ဦးဆန်းဝင်း​အောင်​က ကန္တာရဝတီတိုင်း(မ်​)သို့ အတည်​ပြုသည်​။


"အခု​တွေ့ရှိရတဲ့ခဲ​က​တော့ သတ္တုတွင်း လုပ်​ထုံးလုပ်​နည်းအရဆိုရင်​ တရားမဝင်​သတ္တုလို့ သတ်​မှတ်​လို့ရတယ်​။ သတ္တုတွင်း အ​ထောက်​အထား၊ သတ္တုတွင်း ကုန်​ပို့လွှာတို့ ဘာမှ မရှိဘူး။”ဟု ဦးဆန်းဝင်း​အောင်​က ​ပြောကြားသည်​။

အဆိုပါ တရားမဝင်​ခဲသတ္တုသို​လှောင်​ထား​သော ​နေရာများကို ရဲတပ်​ဖွဲ့အင်​အား ၂၀ ​ကျော်၊ အသိသက်​​သေနှင့်​ တာဝန်​​ရှိသူများက ​ဖော်​ထုတ်​ဖမ်းဆီးခဲ့ခြင်း ဖြစ်​သည်​။

တရားမဝင်​ခဲသတ္တုများ ဖမ်းမိခဲ့​သော်​လည်း ပိုင်​ရှင်​များကိုမူ ဖမ်းဆီးရရှိ​ခြင်း မရှိ​သေး​ကြောင်း သိရသည်​။

ဓါတ်​ပုံ-ကန္တာရဝတီတိုင်း(မ်​)
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
တရားမဝင်​ သို​လှောင်​ထား​သော ​ခဲသတ္တုများ လွိုင်​​ကော်​တွင်​ ဖမ်းမိ တရားမဝင်​ သို​လှောင်​ထား​သော ​ခဲသတ္တုများ လွိုင်​​ကော်​တွင်​ ဖမ်းမိ Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.