ဂျော်ဒန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဆီးရီးယားမြို့ တစ်မြို့ ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ သူပုန်တပ်ဖွဲ့ ဝင် ၂၅ ဦးသေဆုံး

ဆီးရီးယားနိုင်ငံ၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)
    ဒမတ်စကက်စ် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

    ဆီးရီးယား နှင့် ဂျော်ဒန် နှစ်နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့ တစ်မြို့ အနီးတွင် သြဂုတ်လ ၁၂ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဆီးရီးယားသူပုန် တပ်ဖွဲ့ ဝင် ၂၅ ဦး သေဆုံးသွားခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

သေဆုံးသွားသူများမှာ Jaish al အစ္စလာမ်စစ်သွေးကြွအုပ်စုဝင်များ ဖြစ်ကြောင်း နှင့် ဂျော်ဒန်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော Nasib မြို့ အနီးရှိ ပစ်မှတ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်စဉ်အတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယား လူ့ အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ က ဆိုသည်။

Nasib မြို့ သည် တောင်ပိုင်း Daraa ပြည်နယ်အတွင်း၌ တည်ရှိသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းကမျှ ၄င်းတို့ ၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း အိုင်အက်စ်(IS) အစွန်းရောက်အဖွဲ့ သည် ယင်းနေရာ အနီးတစ်ဝိုက်တွင် အလားတူ ဗုံးခွဲတိုက်ခိုက်မှုများကို ယခင်က ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ဗုံးပေါက်ကွဲမှုဖြစ်ပွားသော နေရာသည် ဂျော်ဒန်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် ၃ဝ ကီလိုမီတာအကွာခန့် တွင် တည်ရှိကြောင်း ဆီးရီးယားစစ်တပ်က ဆိုသည်။

(Xinhua)
http://xinhuamyanmar.com
ဂျော်ဒန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဆီးရီးယားမြို့ တစ်မြို့ ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ သူပုန်တပ်ဖွဲ့ ဝင် ၂၅ ဦးသေဆုံး ဂျော်ဒန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဆီးရီးယားမြို့ တစ်မြို့ ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ သူပုန်တပ်ဖွဲ့ ဝင် ၂၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.