ရန်ကာစေတီမှ တိုက်ခိုက်ခံရသူ ၁၆ ဦးကို အသက်ရှင်ပြီးပြန်တွေ့၊ ဒဏ်ရာရသူ ၃ ဦးပါဝင်၊ ၅ ဦးပျောက်ဆုံးနေ

(အကြမ်းဖက်သမားများရန်ကို ကြောက်၍ ထွက်ပြေးနေကြရသည့် ဒေသခံ တိုင်းရင်းသားများ/ ဓာတ်ပုံ- ဖေ့စ်ဘုတ်)
နိရဉ္စရာ၊ သြဂုတ်

သြဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ ခန့်က ရန်ကာစေတီကျေးရွာမှ ဒိုင်းနက်လူမျိုး ၂၂ ဦးသည် အောင်ဇံ တိုင်းရင်းသားကျေးရွာသို့ လုံခြုံရေး မကောင်းသဖြင့် ခိုလုံရန် သွားရောက်စဉ် ကြောင်ဒိုး တံတားအနီးတွင် ကြောင်ဒိုးရွာသား ဘင်္ဂလီလူမျိုး အကြမ်းဖက်သမား ၁၀၀ ခန့်က ဓားများ၊ တုတ်များဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်သဖြင့် ဒိုင်းနက်အမျိုးသား မောင်ဘစိန် (၂၈) နှစ် တစ်ဦးတည်းသာ ဒဏ်ရာများဖြင့် လွတ်မြောက်လာခဲ့ပြီး အောင်သပြေနယ်မြေစခန်းသို့ အကြောင်းကြားခဲ့သည်။

သက်ဆိုင်ရာ စစ်ကြောင်းများမှ အခင်း ဖြစ်ပွားရာသို့ လိုက်ပါသွားရာ တောထဲတွင် ထွက်ပြေးလွတ်မြောက်လာသူ ၁၆ ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအထဲတွင် သုံးဦးမှာ ဒဏ်ရာ ရရှိထားကြောင်း အောင်သပြေမှ ရဲအရာရှိက ပြောကြားသည်။

အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သော ကျန် ၅ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေသဖြင့် ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် တပ်မတော်နှင့် ကျေးရွာသားများမှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
ရန်ကာစေတီမှ တိုက်ခိုက်ခံရသူ ၁၆ ဦးကို အသက်ရှင်ပြီးပြန်တွေ့၊ ဒဏ်ရာရသူ ၃ ဦးပါဝင်၊ ၅ ဦးပျောက်ဆုံးနေ ရန်ကာစေတီမှ တိုက်ခိုက်ခံရသူ ၁၆ ဦးကို အသက်ရှင်ပြီးပြန်တွေ့၊ ဒဏ်ရာရသူ ၃ ဦးပါဝင်၊ ၅ ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.