သိမ်းဆည်းခံ လိုင်စင်မဲ့ကားများကြောင့် ကားမိုင်းရဲစခန်းရှေ့ ဆန္ဒထုတ်ဖော်


မိုးကောင်း - သြဂုတ် ၁၉

ကဆုန့်ဒေသ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန် ဖားကန့်မြို့မှဆင်းလာသော ကားများတွင် လိုင်စင်မပါသောကား(၄)စီးအား သက်ဆိုင်ရာမှ ထိန်းသိမ်းထားခြင်းအပေါ် မကြေနပ်၍ ကားမိုင်းနယ်မြေရဲစခန်းရှေ့တွင် ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၇ရက်နေ့က ကဆုန့်ဒေသ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံရန် ဖားကန့်မြို့မှဆင်းလာသော ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့၏ ကား(၈)စီးတွင်(၄)စီးမှာ လိုင်စင်မပါရှိသောကြောင့် သက်ဆိုင်ရာမှ ထိန်းသိမ်းထားခဲ့သည်။

ယနေ့ သြဂုတ် ၁၉ရက်နံနက် ၉နာရီခွဲက အင်အား(၁၀၀)ခန့်ရှိသော လူအုပ်စုတစ်စုသည် ကားမိုင်းနယ်မြေရဲစခန်းရှေ့တွင် သိမ်းဆည်းထားသော ကားများပြန်လည်ပေးအပ်ရန် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း နယ်မြေသတင်းများအရ သိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
သိမ်းဆည်းခံ လိုင်စင်မဲ့ကားများကြောင့် ကားမိုင်းရဲစခန်းရှေ့ ဆန္ဒထုတ်ဖော် သိမ်းဆည်းခံ လိုင်စင်မဲ့ကားများကြောင့် ကားမိုင်းရဲစခန်းရှေ့ ဆန္ဒထုတ်ဖော် Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.