ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မန္တလေး-လားရှိုးရထားသံလမ်းကူး၌ တွဲကားတစ်စီးတိမ်းမှောက်


မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၉၈)အကျော်ကျောက်မဲမြို့နယ်၊ အိုက်ခန့်ကျေးရွာအနီးရှိ မန္တလေး- လားရှိုးမီးရထားသံလမ်းကူးနေရာမှာ သြဂုတ် (၂၄)ရက် နံနက်(၄)နာရီခန့်က တွဲကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

နောင်ချိုဘက်ကနေကျောက်မဲဘက်ကိုမြေဆီအိတ်တွေတင်ဆောင်မောင်းနှင်လာတဲ့တွဲကားဟာသံလမ်းကူးနေရာမှာတင်ဆောင်လာတဲ့ပစ္စည်းအလေးချိန်ကြောင့် ယိမ်းယိုင်တိမ်းမှောက်တာ ဖြစ်တယ်လို့ သိရပါတယ်။


 ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့်ယာဉ်နောက်လိုက်ဟာကားအတွင်းပိုင်းမှာညပ်နေခဲ့ပြီး ကရိန်းယာဉ်အကူအညီနဲ့ မ ထုတ်ကယ်ဆယ်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့်သေဆုံးခဲ့တယ်လို့သိရပါတယ်။

တွဲယာဉ်တိမ်းမှောက်ရာကိုကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ၊အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊မီးသတ်တပ်ဖွဲ့နဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကလာရောက်ကူညီပေးခဲ့ကြပြီးရထားလမ်း၊ကားလမ်းအမြန်ပွင့်ရေးကိုကူညီဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာယာဉ်မောင်းဖြစ်သူကိုဖမ်းဆီးထိန်သိမ်းထားကာတွဲယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီးအမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနဲ့ ကျောက်မဲမြို့မရဲစခန်းတို့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီသတင်းကိုသီပေါကိုလတ်က ပေးပို့ထားတာဖြစ်ပါတယ်။။

Central News Bureau
https://www.facebook.com/skynetcnb

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ