လယ်ယာမြေကိစ္စ စကားများရာက လူသတ်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ သြဂုတ်(၂၅)ရက်နေ့လယ်ပိုင်းက လယ်ယာမြေကိစ္စ စကားများရန်ဖြစ်ရာက ဓားနဲ့ခုတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်ကတော့ ထန်းတပင်မြို့မရဲစခန်းအပိုင်၊ ချောင်းဝကျေးရွာအုပ်စု၊ ကရင်နီကုန်းကျေးရွာမှာနေထိုင်သူ အမျိုးသမီးက လယ်ကန်သင်းရိုးမှာမြက်ရိတ်နေစဉ် တစ်ရွာတည်းနေထိုင်သူ အမျိုးသားတစ်ဦးရောက်ရှိလာပြီး လယ်ယာမြေကိစ္စ အချေအတင်စကားများခဲ့ကြတယ်လို့ သိရပါတယ်။

 အဲဒီနောက် အမျိုးသားဖြစ်သူက အသင့်ပါလာတဲ့ကိုင်းခုတ်ဓားမနဲ့ ခုတ်လိုက်တာကြောင့် အမျိုးသမီးလည်ဂုတ်မှာ ပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး လယ်ကွက်ထဲလဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 သေဆုံးသူအမျိုးသမီးကအဲဒီလယ်မြေကိုပုံစံ(၇)ရရှိထားတယ်လို့သိရပြီး ပြစ်မှုကျူးလွန်သူဘက်က လည်း မိသားစုပိုင်မြေဆိုတဲ့သဘောနဲ့ လယ်မြေအငြင်းပွားမှုဖြစ်နေပြီး အပြန်အလှန်စကားများကြ ရာက အခုလိုလူသတ်မှုဖြစ်ပွားခဲ့တာလို့ ထန်းတပင်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 ပြစ်မှုကျူးလွန်သူအမျိုးသားကိုလည်း ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားစဉ် ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ရဲစခန်းတာဝန်ရှိသူက ပြောပြချက်အရသိရပါတယ်။ လက်ရှိအချိန်မှာပြစ်မှုကျူးလွန်သူအမျိုးသားကို ထန်းတပင်မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

 ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
လယ်ယာမြေကိစ္စ စကားများရာက လူသတ်မှုဖြစ်ပွား လယ်ယာမြေကိစ္စ စကားများရာက လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.