ငါးချဉ်ထုပ် ဝယ်စားရာမှ အစာအဆိပ်သင့်မူးဝေ အော့အန်မူများ ဖြစ်ပွား


သထုံ သြဂုတ် ၂၅

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာ၌ သြဂုတ် ၂၅ နံနက်ပိုင်းက ကျေးရွာများသို့ လှည့်လည်၍ စားသောက် ကုန်များရောင်းချသည့် သုံးဘီးဆိုင်ကယ်ဈေးသည်ထံမှ ဝယ်ယူသည့် ငါးချဉ်များကို စားသုံးမိရာမှ ကျေးရွာနေပြည်သူ ၁၅ ဦးခန့် အစာအဆိပ်သင့် မူးဝေ အော့အန်ပြီး ဝမ်းသွားကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက်ပိုင်းက သုဝဏ္ဏဝတီမြို့ဘက်မှ ဟင်းသီးဟင်းရွက် အသားငါး စားသောက်ကုန်များကို အမြဲ လာရောက်ရောင်းချသော သုံးဘီးဆိုင်ကယ်မှ ဝယ်ယူသည့် ငါးချဉ်များကို စားသုံးပြီး မကြာခင် မူးဝေ အော့အန်၍ ဝမ်းများ သွားကြကြောင်း လူနာများအား ကျေးလတ်ကျန်းမာရေးဌာန(ပိန္နဲတော) မှ အရေးပေါ် ဆေးဝါးကုသပေးပါကြောင်း ယခု သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ တစ်ဦးတည်း ဆက်လက် လာရောက်ကုသပါကြောင်း ပိန္နဲတောရွာကြီး အထက်ပိုင်းနေ လူနာဖြစ်သူ ဒေါ်ညွန့်သန်း က ပြောသည် ။

" အခု က သူတို့လာရောင်းတဲ့ ငါးချဉ်ကို ဝယ်စားမိတဲ့ သူ တွေချည်းဘဲ အားလုံး ၁၅ ဦးလောက် ရှိမယ် ဆေးဝါးကုသမူခံနေရတဲ့အတွက် အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို ရောင်းချတဲ့သူတွေကို စီစစ်အရေးယူပေးစေခြင်ပါတယ် " ဟု ပိန္နဲတောကျေးရွာသားတစ်ဦးဖြစ်သူ ဦးဖားဒါ က ပြောသည် ။

အဆိုပါ အခင်းဖြစ်ရာနေရာသို့ သတင်းရရှိသည်နှင့် သထုံခရိုင် ကျန်းမာရေးဌာနဦးစီးမှူး ဒေါက်တာဒေါ်သင်းသင်းအိ နှင့် ကျန်းမာရေးဝန်ထမ်းများ သွားရောက်စစ်ဆေးနေကြောင်း သိရှိရပြီး စိုးရီမ်ဖွယ်ရာ အခြေအနေမရှိကြောင်း သိမ်ဆိပ်တိုက်နယ်ဆေးရုံမှ သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငါးချဉ်ထုပ် ဝယ်စားရာမှ အစာအဆိပ်သင့်မူးဝေ အော့အန်မူများ ဖြစ်ပွား ငါးချဉ်ထုပ် ဝယ်စားရာမှ အစာအဆိပ်သင့်မူးဝေ အော့အန်မူများ ဖြစ်ပွား Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.