အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၎


မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ ၊ တောင်ပြိုလက်ဝဲမြို့နှင့် မြင်းလွတ်မြို့များရှိ ဝန်ထမ်းများ နှင့် မိသားစုဝင်များ၊ အပြစ်မဲ့ကျေးရွာသူ ကျေးရွာသားများအား လုံခြုံရေး ရှိသည့်နေရာများသို့ ပြောင်းရွှေ့ကယ်ထုတ်

နေပြည်တော်၊ သြဂုတ် ၂၅

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ထွေအုပ် ဝန်ထမ်း ၁၁ ဦး နှင့် မိသားစုဝင် ၅ ဦး ၊ နလတ ဝန်ထမ်း ၁ ဦး နှင့် မိသားစုဝင် ၇ ဦး၊ လမ်းဦးစီး ဝန်ထမ်း ၂ ဦး တို့အား နယ်ခြားစောင့် ရဲတပ်ရင်း နယ်မြေ ၁ ရဲစခန်းသို့ လည်းကောင်း ၊ မြင်းလွတ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၁၇ ဦးသည် မောင်တော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးသို့ လည်းကောင်း ၊ ပညာရေးဝန်ထမ်း ၁၂ ဦး သည် နယ်ခြား စောင့်ရဲ မောရဝတီစခန်းသို့ လည်းကောင်း ခေတ္တပြောင်းရွှေ့ပေးခဲ့သည်။


မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၆ ဦး၊ ပညာရေးဝန်ထမ်း ၁၀ ဦး တို့သည် မင်းခမောင်း တိုင်းရင်းသားကျေးရွာသို့ သွားရောက်ပူးပေါင်းနေထိုင်လျက်ရှိရာ အဆိုပါ ဝန်ထမ်း ၁၆ ဦး အား လုံခြုံရေးရှိသည့်နေရာသို့ ပြောင်းရွှေ့ ကယ်ထုတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင် ပရဟိတကျောင်းမှ ကလေးများ၊ အမျိုးသမီးများ၊ ရွာသား များ စုစုပေါင်း ၄၀၀ ကျော်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံသည့် တောင်ပြို အထက်တန်းကျောင်းသို့ ပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။


ထို့ပြင် ဘူးသီးတောင်မြို့ရှိ သာသနာ့ဗိမာန်ကြီးသို့ အောင်ဗလကျေးရွာမှ ရွာသူရွာသား ၁၅၀ ဦး ခေတ္တရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇာကျေးရွာ နှင့် ပီရွက်ကျေးရွာမှ ရွာသူ/သားများ ဌာနဆိုင်ရာ များအား ၅၅၂ တပ်ရင်းသို့ ပြောင်းရွှေ့ထားရှိပြီး အန္တရာယ်ကင်းစွာ ရောက်ရှိသွားပြီဖြစ်သည်။

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့သည် မောင်တောဒေသအတွင်းရှိ ကျေးရွာများမှ အပြစ်မဲ့ ပြည်သူများအား ဘေးကင်းလုံခြုံသည့် နေရာများသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိကြောင်း နှင့် နယ်မြေစိုးမိုးနိုင်ရေး ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထပ်မံရရှိသည့် သတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၄ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၄ Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.