မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား


ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့် ပါဂျဲရိုးအဖြူရောင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယာဉ်မီးလောင်မှုမှာ သြဂုတ် ၁၈ ရက်၊ နေ့လယ်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကီလိုမီတာ(၁၅၇/ ၁၅၈)ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကော့ကရိတ်မြို့မရဲစခန်းမှူးနှင့် တာဝန်ရှိသူများ၊ အမှတ်(၇၁)ယာဉ်ထိန်းတပ်ဖွဲ့ စုမှ ဒုတိယရဲမှူးနှင့် တာဝန်ရှိသူများ၊ သင်္ဃန်းညီနောင်မှ အရန်မီးသတ်တပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
“လက်ရှိမှာတော့ ပိုင်ရှင်ကိုစုံစမ်းစစ်ဆေးဆဲပါပဲ။ အမှုမှန်ပေါ်အောင် ဆောင်ရွက်နေပါတယ်။”ဟု ကော့ကရိတ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

 ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ အမည်၊ နေရပ်၊ လိပ်စာ(စုံစမ်းဆဲ) မောင်းနှင်လာသည့် ပါဂျဲရိုးအဖြူရောင်ယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အင်ဂျင်ခန်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မီးလောင်မှုကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ(၂)နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ယာဉ်မောင်းမှာ တိမ်းရှောင်နေ ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံးပျက်စီးသွားကာ ဆုံးရှုံးမှုတန်ဖိုး(၂၅)သိန်းဟု ခန့်မှန်းတွက် ချက်ထားပြီး ယာဉ်အား မီးလောင်မှုဖြစ်ပွားစေရန်မောင်းနှင်ခဲ့သူအား ကော့ကရိတ်မြို့မ ရဲစခန်းက(ပ)၆၄၉/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.