လုံခြုံရေးအတွက် အစိုးရကို ကူညီဖို့နိုင်ငံရေးမှာ တပ်မတော် ပါဝင်နေတာဖြစ်

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ ပြည်တွင်း ပြည်ပဆက်ဆံရေးဌာန၊ ဌာနမှူး ဗိုလ်မှူးကြီး အောင်မြင့်ဦးကို သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
နိုင်ငံရဲ့ လုံခြုံရေးပြဿနာကို အစိုးရကို ကူညီဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးမှာ တပ်မတော် ပါဝင်နေတာဖြစ်တယ် လို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ ပြည်တွင်း ပြည်ပဆက်ဆံရေးဌာန၊ ဌာနမှူး ဗိုလ်မှူးကြီး အောင်မြင့်ဦး က ပြောပါတယ်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ သုံးရက်တာကျင်းပနေတဲ့ မြန်မာဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ နောက်ဆုံး ရက် ဒီနေ့မှာ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာပါဝင်နေမှုကို ဘယ်အချိန်မှာ ဘယ်လိုဆုတ်သွားဖို့အစီအစဉ်ရှိလဲဆိုတဲ့ သတင်းထောက် တဦးရဲ့မေးမြန်းချက်အပေါ် ဗိုလ်မှူး ကြီး အောင်မြင့်ဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

စစ်ဘက်- အရပ်ဘက်ဆက်ဆံရေးဟာ အကူးအပြောင်းကာလမှာ အရေးကြီးသလို မြန်မာနိုင်ငံဟာ ထိခိုက်မှု အနည်းဆုံးနဲ့ ညင်သာစွာကူးပြောင်းနိုင်ခဲ့တယ် လို့ ဆွေးနွေးပွဲပထမရက် က  "တပ်မတော်အုပ်ချုပ်ရေးစနစ်မှ အရပ်သားအုပ်ချုပ်ရေးစနစ်ကို နိုင်ငံရေးအကူးအပြောင်းကဏ္ဍ" ဆွေးနွေးရာမှာပြောကြား ထားပါသေးတယ်။

သုံးရက်တာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ စစ်ဘက်မှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေး သို့ ၊စစ်ပွဲမှသည်ငြိမ်းချမ်းရေး ဆီသို့ ခေါင်းစဉ်တွေနဲ့ နယ်ပယ်အသီးသီးက တက်ရောက်လာတဲ့ပညာရှင်တွေ က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
လုံခြုံရေးအတွက် အစိုးရကို ကူညီဖို့နိုင်ငံရေးမှာ တပ်မတော် ပါဝင်နေတာဖြစ် လုံခြုံရေးအတွက် အစိုးရကို ကူညီဖို့နိုင်ငံရေးမှာ တပ်မတော် ပါဝင်နေတာဖြစ် Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.