ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံ ဈေးဆိုင်တန်း၌ မီးလောင်မှုဖြစ်ပွား


ဂန့်ဂေါ သြဂုတ် ၁၁

ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံ ဈေးဆိုင်တန်း၌ သြဂုတ် ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ထမင်းဟင်းချက်သည့် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ရာ ဝိုင်းဝန်းငြိမ်းသတ်ကြသဖြင့် ၁၂ နာရီ ၄၅ မိနစ်တွင် မီးညွန့်ကျိုးသွားကြောင်း သိရသည်။

ဖြစ်ပွါးပုံမှာ မြစ်သာတမံဈေးဆိုင်တန်းမှ ဒေါ်ညို ၏ ထရံကာ၊ မြေစိုက်၊ ၃ ပင် အဆောက်အအုံ တွင် ထမင်းချက်ပြုတ်သည့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းရာ အနီးရှိ ဦးကျော်စွာလက် ၏ မြေစိုက်၊ သက်ကယ်မိုး ၊ ထရံကာ သုံးပင် အကြော်ဆိုင်၊ ဦးပိုင် နေထိုင်သည့် သက်ကယ်မိုး၊ ထရံကာ ၃ ပင် မြေစိုက်နေအိမ်ဈေးဆိုင်များပါ မီးကူးစက်လောင်ကျွမ်းသွားကြောင်း သိရသည်။

မီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွဋ်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထက်အောင်၊ အင်ဂျင်နီယာ ဦးဥာဏ်စိုးတို့ နှင့်အဖွဲ့ ရောက်ရှိငြိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်း သည့် အချိန်တွင် ဒေါ်ညိုမှာ နေအိမ်တွင်ရှိနေပြီး မီးလောင်နေသည်ကို သွားရောက်ငြိမ်းသတ်ရာ လုံချည်စမှ တစ်ဆင့် မီးကူးခဲ့ပြီး ဝဲ၊ယာ ခြေသလုံး၊ ပေါင်တို့မှာ မီးလောင်ဒဏ်ရာများ ရရှိသဖြင့် မင်းရွာ တိုက်နယ်ဆေးရုံ တွင် ဆေးကုသမှုခံယူရကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံ ဈေးဆိုင်တန်း၌ မီးလောင်မှုဖြစ်ပွား ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံ ဈေးဆိုင်တန်း၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.