ကျောက်ဖြူတွင် သစ်သားလမ်းမီးတိုင်မှ တွဲကျနေသောသွပ်ကြိုးမှ ဓာတ်လိုက်၍ လူငယ်တစ်ဦးသေဆုံး


ကျောက်ဖြူ ၊ သြဂုတ် ၁၂

ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ဖြတ်လမ်း(၅)တွင် သြဂုတ်(၁၂)ရက် နံနက်(၇း၄၅)နာရီခန့်က သစ်သားလမ်းမီးတိုင်မှ တွဲကျနေသော သွပ်ကြိုးနှင့် ထီးနှင့်ထိမိရာမှ လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ဖြတ်လမ်း(၄)နေထိုင်သူ မျိုးမင်းအောင် အသက်(၁၄)နှစ်မှာ ထီးဆောင်း၍ နေအိမ်သို့ပြန်လာစဉ် သစ်သားလမ်းမီးတိုင်မှ မြေပြင်နှင့် အမြင့်ပေ(၅)ပေခန့်တွင် တွဲကျနေသော သွပ်ကြိုးမှာ ထီးနှင့်ထိမိ၍ ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းအားစစ်ဆေးရာ ရင်ဘတ်တွင် ဓာတ်လိုက်ရာမှ ရရှိသော ညိုမဲဒဏ်ရာ၊ ယာဘက်လက်ကောက်ဝတ်တွင် ညိုမဲဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိကြောင်း ကျောက်ဖြူရဲစခန်းမှ သိရသည်။

ထိုသေဆုံးမှုအား ကျောက်ဖြူမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၂၃/၁၇)အရ အရေးယူအမှုဖွင့်ထားပြီး ဒုရဲမှူးကျော်ဇောမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မျိုးချစ်နိုင် ၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ကျောက်ဖြူတွင် သစ်သားလမ်းမီးတိုင်မှ တွဲကျနေသောသွပ်ကြိုးမှ ဓာတ်လိုက်၍ လူငယ်တစ်ဦးသေဆုံး ကျောက်ဖြူတွင် သစ်သားလမ်းမီးတိုင်မှ တွဲကျနေသောသွပ်ကြိုးမှ ဓာတ်လိုက်၍ လူငယ်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.