ဗဟိုပြန်ကြားရေး ကော်မတီ ဥက္ကဌ ဦးဥာဏ်ဝင်း ဖြစ်လာ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်အရ ဗဟိုပြန်ကြားရေး ကော်မတီကို (၁၁) ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းNLD က သြဂုတ်လ ၂၁ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ဖွဲ့စည်းလိုက်သည့် ဗဟိုပြန်ကြားရေးကော်မတီတွင် အဖွဲ့ချုပ်၏ အတွင်းရေးမှုးအဖွဲ့ဝင်ဖြစ်သူ ဦးဥာဏ်ဝင်းက ကော်မတီဥက္ကဌတာဝန်ယူထားပြီး အတွင်းရေးမှုး အဖြစ် မုံရွာအောင်ရှင်က တာဝန် ယူထားကာ အဖွဲ့ဝင်များအဖြစ် ဦးကျော်အေးနိုင် ၊ဦးကြည်တိုး၊ ဦးငြိမ်းသစ်၊ ဦးတင်လှ၊ဦးနေဘုန်းလတ်၊ ဦးရဲမင်းဦး၊ ဦးလွင်ကိုလတ်၊ ဦးဝေဖြိုးဟန်နဲ့ ဦးသန့်ဇင်ထွန်း တို့ပါဝင် သည်။

5 PLUS NEWS
https://www.facebook.com/5plusnews/
ဗဟိုပြန်ကြားရေး ကော်မတီ ဥက္ကဌ ဦးဥာဏ်ဝင်း ဖြစ်လာ ဗဟိုပြန်ကြားရေး ကော်မတီ ဥက္ကဌ ဦးဥာဏ်ဝင်း ဖြစ်လာ Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.