တစ်သောင်းတန်ငွေစက္ကူ(အတု)များ ကောလင်းမြို့၌ ဖမ်းဆီးရမိ


ကောလင်း ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ၊ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ လမ်းဆုံ ရွှေဘို-မြစ်ကြီးနားလမ်းတွင် ဩဂုတ် ၂၈ရက်နေ့တွင် ကောလင်းမြို့နယ် ခံသာရဲကင်းစခန်း ရဲအုပ်စိုးသိန်းအောင်နှင့်အဖွဲ့မှ ထီးချိုင့်မြို့နယ် ညောင်ပင်သာကျေးရွာနေ ဦးအောင်မိုးအား သက်သေများနှင့်ရှာဖွေရာ ၎င်း၏ဘေးလွယ်အိတ် အတွင်းမှ မြန်မာငွေစက္ကူ တစ်သောင်းတန် (အတု) ၂၉ရွက်အားရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သည်။

 ငွေစက္ကူအတုအားလက်ဝယ်ထားရှိအသုံးပြုသူ အောင်မိုးအား ရဲအုပ်စိုးသိန်းအောင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကောလင်းမြို့မရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အေးအေးမြင့်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တစ်သောင်းတန်ငွေစက္ကူ(အတု)များ ကောလင်းမြို့၌ ဖမ်းဆီးရမိ တစ်သောင်းတန်ငွေစက္ကူ(အတု)များ ကောလင်းမြို့၌ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.