ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာနဲ့ ထိုင်းတွေ့ပြီ


ဆီးဂိမ်းဘောလုံးပွဲစဉ်တွေရဲ့ အုပ်စု (ခ) ပွဲစဉ်တွေကို ဒီကနေ့ ဆက်လက်ယှာဉ်ပြိုင်ကစားရာမှာ နာမည်ကြီးထိုင်းအသင်းက ဒေသတွင်း ထိပ်တန်းအသင်းဖြစ်တဲ့ ဗီယက်နမ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စု ပထမနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

အကြိတ်အနယ် ယှာဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲမှာ ဗီယက်နမ်အသင်းရဲ့ ခံစစ်နဲ့ ဂိုးသမားအမှားတွေကတဆင့် ထိုင်းအသင်းက ပထမပိုင်းမှာ ၁ ဂိုး ဒုတိယပိုင်းမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
လက်ရှိချန်ပီယံထိုင်းအသင်းဟာ အုပ်စုပထမရတာကြောင့် တဘက်အုပ်စု အုပ်စု(ခ)က ဒုတိယရတဲ့ မြန်မာအသင်းနဲ့ သြဂုတ်လ ၂၆ ရက်နေ့မှာ ယှာဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။


အခြားပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းက ကမ္ဗောဒီးယား အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ်တက်သွားခဲ့ပြီး အိမ်ရှင်မလေးရှားနဲ့ ယှာဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ထိုင်းအသင်းကို အနိုင်မရခဲ့တာ ဆယ်စုနှစ်သုံးစုလောက်ရှိနေခဲ့ပြီဖြစ်ပြီး ၂၀၁၅ ခုနစ် ဆီးဂိမ်းဗိုလ်လုပွဲမှာလည်း ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။

ဓာတ်ပုံ- အာဆီယံ ဘောလုံးအဖွဲ့ချုပ်

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာနဲ့ ထိုင်းတွေ့ပြီ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာနဲ့ ထိုင်းတွေ့ပြီ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.