နေပြည်တော်မှာ ဆရာဝန်တစ်ဦး ရေချိုးခန်းအတွင်း ဓာတ်လိုက်သေဆုံး

နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အားကစားကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား
နေပြည်တော် သြဂုတ် ၁၃

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အားကစားကျေးရွာရှိ CLUSTER 4 တွင် အမျိုးသား တစ်ဦး ဓါတ်လိုက်သေဆုံးမှု သြဂုတ် ၁၂ ရက်နေ့က ဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၂ ရက် နံနက် ၈ နာရီ ၄ဝ မိနစ်က အမှတ်(၁ဝ)ရဲစခန်း၌ ရဲအုပ် ခိုင်ဇော်လင်းသည် ရဲစခန်း၌ တာဝန်ထမ်းဆောင်နေစဉ် ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အားကစားကျေးရွာရှိCLUSTER 4 အခန်းအမှတ်(ဝ၁) ဓါတ်လိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကိုနှင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါ အခန်းအမှတ်(ဝ၁)တွင် နေထိုင်သော ဒေါက်တာ ဝင်းနိုင်၊ အသက်(၂၆)နှစ်၊ ဦးစီးအရာရှိ၊ သွားကျန်းမာရေး ဌာန၊ ထီးချိုင့်မြို့ဇာတိဖြစ်သူသည် နံနက် ၈ နာရီခွဲအချိန်တွင် ၄င်း၏ရေချိုးခန်းအတွင်းမှနေ၍ ''အား''ဟူသော အော်သံကြားရသဖြင့် တစ်ခန်းတည်းအတူနေ ဒေါက်တာ မြင့်ထွန်း၊ (၂၇)နှစ်၊ ဦးစီးအရာရှိ၊ ထီးချိုင့်မြို့နေသူနှင့် ဒေါက်တာ ငြိမ်းခန့်ကျော်၊ (၂၉)နှစ်၊ မြင်းမူမြို့နေသူတို့မှ ရေချိုးခန်းအတွင်းသို့ သွားရောက်ကြည့်ရှုရာ ဒေါက်တာ ဝင်းနိုင်မှာ ရေချိုးခန်းအတွင်းတွင် ဓါတ်လိုက်ခံရ၍ သတိမေ့မျောနေသည်ကို တွေ့ရှိရသောကြောင့် ၄င်းအား နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ဆေးရုံအရောက် နံနက် ၉ နာရီခွဲတွင် သေဆုံးသွားခဲ့ပါသည်။

 နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံမှ PR 20 ဖြင့် လက်ခံစစ်ဆေးကာ ဒေါက်တာ ဝင်းနိုင် သေဆုံးမှု အပေါ် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် ရဲအုပ် ခိုင်ဇော်လင်းမှ တရားလိုပြုလုပ်ကာ အမှတ်(၉)နယ်မြေရဲစခန်းသို့ တိုင်တန်းသောကြောင့် ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄/၁၇ ဖြင့် ရေးဖွင့်၍ အမှုအား ရဲအုပ် ကျော်ခိုင်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းလတ် (မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

နေပြည်တော်မှာ ဆရာဝန်တစ်ဦး ရေချိုးခန်းအတွင်း ဓာတ်လိုက်သေဆုံး နေပြည်တော်မှာ ဆရာဝန်တစ်ဦး ရေချိုးခန်းအတွင်း ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.