ကျောက်ဖြူ-ရန်ကုန်လမ်းတွင် ခရီးသည်တင်မော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား


ကျောက်ဖြူ သြဂုတ် ၂၈

ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမှမအီသို့ ထွက်ခွာလာသာ ယာဉ်အမှတ်(YGM- 9G/1713)(Super Costoum) ယာဉ်အမျိုးအစားပေါ်တွင် ခရီးသည်(၇)ဦးလိုက်ပါလာရာ ကျောက်ဖြူ-ရန်ကုန်လမ်း မင်းကြောင်းတံတားအဆင်းအရောက်တွင် သြဂုတ်လ(၂၇)ရက်နေ့ညနေ(၄) နာရီခန့် တွင်တိမ်းမှောက်ခဲ့သည်။

အဆိုပါယာဉ်ဖြင့် လိုက်ပါလာသော မအီမြို့နယ်၊ လုံးတော်ပေါက်နေဒေါ်ခင်စောရီမှာ ၎င်းနေရာတွင်သေဆုံးခဲ့ပြီး ဒဏ်ရရှိသူ အမျိုးသား(၂)ဦးအား ရမ်းမြို့နယ်၊ ဆေးရုံသို့ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူလျှက်ရှိသည်။

 ယာဉ်မောင်းမှာထွတ်ပြေးတိမ်းရှောင်နေသဖြင့် ရမ်းမြို့နယ်ရဲစခန်းမှ ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်ဖြူ-ရန်ကုန်လမ်းတွင် ခရီးသည်တင်မော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား  ကျောက်ဖြူ-ရန်ကုန်လမ်းတွင် ခရီးသည်တင်မော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.