မောင်တောမြို့နယ်၌ ရာအိမ်မှူးဟောင်းတစ်ဦး အသတ်ခံရ


သြဂုတ် ၆၊၂၀၁၇

မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ရွှေဇား ကပ္ပကောင်းကျေးရွာနေ ရာအိမ်မှူးဟောင်းတစ်ဦး ယနေ့နံနက်ပိုင်းက အသတ်ခံခဲ့ရကြောင်း သိရသည်။

ကျေးရွာသားများသည်​ သြဂုတ်လ ၆ ရက်နေ့ နံနက် ၉နာရီ ၄၅ မိနစ်တွင်​ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူ​သေအလောင်းတစ်လောင်းတွေ့ရှိကြောင်း လာရောက် သတင်းပို့ခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့သည်​။

သေဆုံးသူမှာ ရွှေဇား ကျေးရွာ အုပ်စု ရွှေဇား ကပ္ပကောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း ဟူဆောင်း အသက် (၇၀) နှစ်​ဖြစ်ပြီး လည်ပင်း ပြတ်ရှဒဏ်ရာ တစ်ချက် ၊ ဦးခေါင်း ထိပ်တည့်တည့် ပြတ်ရှဒဏ်ရာတစ်ချက် ဦးချိုစောင်း ၀ဲ/ယာ ပြတ်ရှဒဏ်ရာတစ်ချက် တို့ဖြင့် သေဆုံးနေကြောင်းတွေ့ရှိခဲ့သည်။

သေဆုံးသူသည် ယနေ့နံနက်ပိုင်းက တစ်ဦးတည်း ဈေးဝယ်ထွက်လာစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး တရားခံအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်းသိရသည်။

မောင်​​တောခရိုင်​အတွင်း ရာအိမ်​မှူး၊ ဆယ်​အိမ်​မှူး ​များအပါအဝင်​ အစိုးရနှင့်​ပူး​ပေါင်း​ဆောင်​ရွက်​​နေသူများအား ပစ်​မှတ်​ ထား၍ သတ်​ဖြတ်​မှုများ မြှင့်​တက်​လျက်​ရှိပြီး အစွန်း​ရောက်​ အကြမ်းဖက်​များ သြဇာလွှမ်းမိုးနိုင်​ရန်​​ဆောင်​ရွက်​​နေခြင်း ဖြစ်​​ကြောင်းသိရှိရသည်​။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မောင်တောမြို့နယ်၌ ရာအိမ်မှူးဟောင်းတစ်ဦး အသတ်ခံရ မောင်တောမြို့နယ်၌ ရာအိမ်မှူးဟောင်းတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.