ခုံတိုင် မြိုတိုင်းရင်းသားရွာမီးတိုက်ခံရပြီး လူ ၇ ဦးအသတ်ခံရသည့်အပေါ် အစိုးရအတည်ပြု

(တောထဲတွင် ပုန်းအောင်းနေကြသည့် ခုံတိုင် မြိုတိုင်းရင်းသားများ)
နိရဉ္စရာ၊ သြဂုတ် ၃၁

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း လတ်တလော ပေါ်ပေါက်နေသည့် အကြမ်းဖက်မှုအတွင်း အပြစ်မဲ့ ရခိုင် တိုင်းရင်းသားအများအပြား အသတ်ခံနေရရာ မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်မြိုရွာ မီးရှို့ခံရပြီး ရွာသား ခုနှစ်ဦး အသတ်ခံရခြင်းကို အစိုးရက အတည်ပြုသည်။

မောင်တောမြို့နယ် ၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်ခန့်မှ မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

“ သြဂုတ် ၂၈ ရက်နေ့က မွန်းလွဲပိုင်းမှာဖြစ်တာပါ ဆရာ။ ဘင်္ဂလီ အစွန်းရောက် ရွာသား ၄၀၀ ကျော်က လာတိုက်တာပါ။ တုတ်တွေ ဓါးတွေ သေနတ်တွေလည်း ပါတယ်ဆရာသူတို့မှာ ။ မောင်တောမြို့နယ်က ပဒကားရွာသစ် ခုံတိုင်(မြို) ရွာလို့ ခေါ်ပါတယ်။ လူခုနှစ်ယောက်သေပါတယ်။ အများအပြားလည်း ဒဏ်ရာရပါတယ်။ ရွာကိုလည် မီးတိုက်သွားပါတယ်” ဟု တောထဲတွင် ပုန်းအောင်းနေသူ ရွာသား တစ်ဦးက သြဂုတ် ၃၀ ရက်နေ့က ပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြိုတိုင်းရင်းသား အမျိုးသား ၃ ဦး နှင် အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ တို့ ပျောက်ဆုံးလျက်ရှိကြောင်း၊ ကျန်ကျေးရွာသားများမှာ မေယုတောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းတွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့ အခု တောထဲကို ရောက်နေပါတယ်။ စားစရာလည်း မရှိဘူး။ အခု အထက်က လူတွေနဲ့တော့ အဆက်အသွယ်ရပါပြီ” ဟု သူက ပြောကြားသည်။

မြန်မာ့တပ်မတော်မှလည်း အခုအခါ သူတို့ရှိရာ နေရာသို့ သွားနေပြီး မကြာခင် မြိုတိုင်းရင်းသားများကို ကယ်တင်နိုင်လိမ့်မည် ဖြစ်ကြောင်း မောင်တောမြို့မှ နိရဉ္စရာ သတင်းထောက် ကိုအောင်ကျော်မင်းက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara

ခုံတိုင် မြိုတိုင်းရင်းသားရွာမီးတိုက်ခံရပြီး လူ ၇ ဦးအသတ်ခံရသည့်အပေါ် အစိုးရအတည်ပြု ခုံတိုင် မြိုတိုင်းရင်းသားရွာမီးတိုက်ခံရပြီး လူ ၇ ဦးအသတ်ခံရသည့်အပေါ် အစိုးရအတည်ပြု Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.