အမြန်လမ်းမကြီးတွင် ဓားပြတိုက်ခဲ့သူများ အားလုံးကို ဖမ်းဆီးရမိ


ကျောက်တံခါး သြဂုတ် ၂၃

ရန်ကုန်-မန္တလေး အမြန်လမ်း မကြီး မိုင်တိုင်အမှတ် ၁၇၆/၄ အနီးတွင်ညအိပ်ရပ်နားထားသော ယာဉ်တစ်စီးအား ဇူလိုင်လ ၁၃ ရက် နံနက် ၅ နာရီခွဲတွင် အမည် မသိ လူသုံးဦးကဓားရှည်များဖြင့် ခြိမ်းခြောက်ကာ ငွေနှင့်ရွှေထည် ပစ္စည်းများကို ဓားပြတိုက်သွား သူများအားယခုလ ၂၁ ရက် နံနက် ပိုင်းကအားလုံးကို ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၂ရက် ည ၁၁ နာရီတွင် မိတ္ထီလာဘက်မှ ရန်ကုန်ဘက်သို့ယာဉ်မောင်း ဦးနိုင် ဝင်း (၄၂ နှစ်)မောင်းနှင်ပြီး အခြား အမျိုးသားအဖော်တစ်ဦး လိုက်ပါ စီးနင်းလာသော HYUN- DAI STAREX အဖြူရောင်ယာဉ်သည် မောင်းနှင်လာစဉ် စက်ချွတ်ယွင်း သဖြင့် လမ်းဘေးမြေသားလမ်းသို့ ချကာ ညအိပ်ရပ်နားခဲ့စဉ် ဇူလိုင်လ ၁၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် အမည်မသိ အမျိုးသားသုံးဦးက ဓားရှည်သုံးချောင်းဖြင့် ခြိမ်းခြောက် ကာယာဉ်ပေါ်ပါရှိသော ငွေကျပ် ၅ဝဝဝတန်အရွက်တစ်ရာပါငွေထုပ် ဆယ်ထုပ်နှင့် ရွှေထည်ပစ္စည်းများ၊ ဖုန်းများကို ယူဆောင်သွားမှုဖြစ်ပွား ခဲ့ပြီးဖြစ်စဉ်အားသာဂရအမြန်လမ်း ရဲစခန်းမှ စုံစမ်းရှာဖွေစဉ် ယခုလ ၁၂ရက် ညနေ ၄ နာရီခန့်တွင် လယ်ဝေးမြို့နယ် အေလာအုပ်စု ကုလားရွာနေ မိုးကြီး(ခ)မိုးမင်း အောင် (၂၂ နှစ်)၊ ဇင်လေး(ခ)ဇင် လင်းအောင်တို့နှစ်ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ကွင်းဆက်တရားခံများ အား ဆက်လက်စစ်ဆေးခဲ့သည်။

အဆိုပါလုယက်မှုဖြစ်စဉ်အား တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီး သန်းထွန်းဦးဆောင်၍ ခရိုင် မှုခင်းအကူဌာနစိတ်မှ ရဲအုပ်တင်ဦး နှင့်အဖွဲ့၊ ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဦး အဖွဲ့၊အမြန်လမ်းရဲတပ်ဖွဲ့ လယ်ဝေး မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းစုံစမ်း မှုဖြင့် ပြစ်မှုကျူးလွန်ရာ၌ ပါဝင် ခဲ့သောဇင်လေး(ခ)ဇင်လင်းအောင်၊ မိုးကြီး(ခ)မိုးမင်းအောင် အေလာ အုပ်စုကုလားရွာ လယ်ဝေးမြို့နယ် နေသူတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဓားတစ်ချောင်းနှင့်ငွေကျပ် ၁၂သိန်း ကျော်၊ ဆိုင်ကယ်တစ်စီးတို့ကို အမှု ဖြင့်သိမ်းဆည်းနိုင်ခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ ပြစ်မှုကျူးလွန်ရာတွင် ဖိုးစိုး ဇဗ္ဗူသီရိ ဆေးရုံဝင်းနေသူနှင့် အေးမင်း(ခ)မျိုးချစ် အောင်သုခရွာ နေပြည်တော် နေသူတို့ပါ ပါဝင် ကြောင်း သိရှိခဲ့ရပြီး ဆက်လက် စုံစမ်းခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေ ကြောင်းသိရ၍ခရိုင်မှုခင်းအကူဌာန စိတ်မှမြဝတီလွိုင်ကော် တာချီလိတ် ရဲစခန်းများကိုဆက်သွယ်အကြောင်း ကြားခဲ့ရာ ယခုလ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် မြဝတီမြို့မစခန်းမှူး ဒုရဲမှူးကိုကိုနိုင်နှင့်အဖွဲ့က ဖမ်းဆီး ရမိထားပြီဖြစ်ကြောင်း သိရသည်။
''ပထမမိထားတဲ့တရားခံနှစ်ဦး ကိုစစ်ဆေးခဲ့ရာမှ ထုတ်ဖော်ချက် အရ သူတို့ကတရားရုံးမှာ ဖြောင့် ချက်ပေးတယ်။ အခင်းဖြစ်တဲ့နေ့က အသုံးပြုခဲ့တဲ့ ဓားတွေနဲ့ ငွေကြေး တွေနဲ့ အဲနေ့ကရတဲ့ပိုက်ဆံနဲ့ ဝယ် ထားတဲ့ဆိုင်ကယ်ရယ်ကို အပ်ပါ တယ်။ ပြီးတော့ပါဝင်တဲ့ တရားခံ နှစ်ဦးကိုသက်ဆိုင်ရာ ရဲစခန်းနဲ့ နယ်စပ်ထွက်ပေါက်တွေကိုပို့ထား စဉ်မှာ မြဝတီစခန်းက ဖုန်းဆက် လာပြီး တရားခံတွေ ဟုတ်မဟုတ် အတည်ပြုစစ်ဆေးတဲ့အခါမှာလွတ် မြောက်ထွက်ပြေးနေသူတွေဖြစ်နေ လို့ဖမ်းဆီးရမိခဲ့တာပါ''ဟုတောင်ငူ ခရိုင်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Union Daily
https://www.facebook.com/uniondaily.net
အမြန်လမ်းမကြီးတွင် ဓားပြတိုက်ခဲ့သူများ အားလုံးကို ဖမ်းဆီးရမိ အမြန်လမ်းမကြီးတွင် ဓားပြတိုက်ခဲ့သူများ အားလုံးကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.