ဆင်သတ်ဖြတ်သူတစ်ဦးအား ဖမ်းဆီးရမိ


နေပြည်တော် သြဂုတ် ၁၄

သာပေါင်းမြို့နယ် အိမ်စိုးချောင်းလက်တက်၌ တောဆင်ရိုင်းတစ်ကောင်အား သတ်ဖြတ်သူ တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ သြဂုတ်လ ၁၃ ရက် နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ကျေးရွာပြည်သူ့စစ်များ ပူးပေါင်းပါဝင်သောအဖွဲ့သည် သြဂုတ်လ ၁၃ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သာပေါင်း မြို့နယ် အိမ်စိုးချောင်းလက်တက်တွင် ဆင်သားရေနှင့် အမြှီးကိုလှီးဖြတ်၍ ဆင်စွယ်ကို ထွင်းယူထားပြီး သေဆုံးနေသော ဆင်(၁)ကောင်အား တွေ့ရှိခဲ့သဖြင့် ဆင်သတ်တရားခံများအား ဖမ်းဆီးနိုင်ရေး ဆက်လက်ဖော်ထုတ်ရာ ညနေ ၅ နာရီခန့်က ဆင်အရေခွံများအား ကြပ်တိုက်နေသော အဖွဲ့နှင့်တွေ့ရှိပြီး ဖမ်းဆီးရန်ဆောင်ရွက်စဉ် အဆိုပါအဖွဲ့မှ တူမီးဖြင့် ပြန်လည်ပစ်ခတ်သဖြင့် သစ်တောလုံခြုံရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ဆင်သတ်တရားခံ ချိုတင်၏ယာပေါင် အား ထိမှန်၍ ဖမ်းဆီးရမိခဲ့ပြီး ကျန်(၂)ဦးမှာ တောထဲသို့ ထွက်ပြေးသွားကြောင်း သိရသည်။

ဆင်သတ်တရားခံနှင့်အတူ ဆင်စွယ်(၄)ချောင်း၊ ဆင်သားရေ(၇)ခု၊ ကြပ်တင်ထားသည့် ဆင်အသားမြှောင်း(၅)ခု၊ ဆင်အမြှီး(၁)ချောင်း၊ တူးမီးသေနတ်(၂)လက် အပါအဝင် သက်သေခံ ပစ္စည်း (၁၇)မျိုး ဖမ်းဆီးရမိခဲ့ ပြီး ဆင်သတ်တရားခံများအား ဆက်လက်ရှာဖွေဖော်ထုတ် ဖမ်းဆီး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆင်သတ်ဖြတ်သူတစ်ဦးအား ဖမ်းဆီးရမိ ဆင်သတ်ဖြတ်သူတစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.