ရွှေကျင်မြို့တွင် အရက်ကြောင်ပြီး ယောက္ခမအိမ်မီးရှို့မှု ဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ရွှေကျင်မြို့ကျွဲတဲရပ်ကွက်မှာ သြဂုတ်(၂၁) ရက် မနက် (၅)နာရီအချိန်က အရက်ကြောင်ပြီးမီးရှို့မှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံရဲစခန်းမှတ်တမ်းအရ သိရပါတယ်။

 ဖြစ်စဉ်မှာ ရွှေကျင်မြို့ကျွဲတဲရပ်ကွက်နေသူ အီဆာ(ခ)အောင်လွင်ဦး ကအရက်ကြောင်ပြီး ယောက္ခမဖြစ်သူရဲ့ နေအိမ်ခြေရင်းပြင်ကာကို ဓါတ်ဆီလောင်းပြီး ဂက် စ်မီးခြစ်နဲ့ ရှို့ခဲ့တာကြောင့် ဦးစံဝင်းနေအိမ် မီးလောင်ခဲ့ကာ မီးသတ်တပ်ဖွဲ့တွေနဲ့ ရပ်ကွက် နေပြည်သူတွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

 မီးလောင်မှုကြောင့် နေအိမ်တစ်ခု ပြာကျခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်(၂)သိန်ခန့်် ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် မီးရှို့သူ အီဆာ(ခ)အောင်လွင်ဦးကို ရွှေကျင်မြို့မရဲစခန်းက (ပ) ၈၉၆/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ -၄၃၆နဲ့ အမှု ဖွင့် ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း နယ်မြေခံရဲစခန်း ရဲမှတ်တမ်းအရ သိရပါတယ်။ ဒီသတင်းကို ကိုဇင် (ကျောက်ကြီး) က ပေးပို့တာ ဖြစ်ပါတယ်။ ရဲစခန်းရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ဒီသတင်းကို ကိုအောင်အောင် (တောင်တွင်းကြီး) ကပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ရွှေကျင်မြို့တွင် အရက်ကြောင်ပြီး ယောက္ခမအိမ်မီးရှို့မှု ဖြစ်ပွား ရွှေကျင်မြို့တွင် အရက်ကြောင်ပြီး ယောက္ခမအိမ်မီးရှို့မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 06:05 Rating: 5
Powered by Blogger.