စစ်သည်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံး၊ လက်နက် ၅ လက်ဆုံးရှုံး

(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
နိရဉ္စရာ၊ သြဂုတ် ၂၅

ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်းတို့တွင် အကြမ်းဖက်သမားများနှင့် ဖြစ်ပွားနေသော မနေ့ညဉ့်က စတင်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်သည် တစ်ဦးနှင့် ရဲတပ်ဖွဲ့ ၁၀ ဦးကျဆုံးပြီး လက်နက် ၅ လက်ဆုံးရှုံးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ လူမှုကွန်ယက် စာမျက်နာပေါ်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်သမား အလောင်း ၁၅ လောင်းကို တွေ့ရှိသည်ဟု ဖော်ပြထားသည်။

ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားကိုင်ဆောင်ထားသော အင်အားများဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ တံတားများကို မိုင်းဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။

စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ ကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၅ လက် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများနောက် ပါရှိသွားခဲ့သည်ဟု သတင်းတွင် ရေးသားဖော်ပြသည်။

ထို့ပြင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ ကျေးရွာ၌ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများအား ၎င်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်း သတင်းတွင်ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara

စစ်သည်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံး၊ လက်နက် ၅ လက်ဆုံးရှုံး စစ်သည်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံး၊ လက်နက် ၅ လက်ဆုံးရှုံး Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.