ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ(၁၆၃၃)တုံး၊(၂၀၄၇)ပိဿာ မိုးကောင်းမှာ ဖမ်းမိ

တရားမဝင်တင်ဆောင်လာသော ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ
မိုးကောင်း သြဂုတ် ၁၆

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် သြဂုတ် ၁၆ရက်နံနက် ၇နာရီအချိန်ခန့်က တရားမဝင် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ(၁၆၃၃)တုံး၊(၂၀၄၇)ပိဿာ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်ဝင်းဦးစီး၊ရဲဒုတပ်ကြပ်သူရရှိန်နှင့်အဖွဲ့သည် တရားမဝင်ကျောက်စိမ်းတုံးများ သယ်ဆောင်လာမည့်သတင်းအရ မိုးကောင်းတံတားတွင် စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း အောင်ကိုသက်(၂၃)နှစ် ဗန်းမော်မြို့ နှစ်မိုင်ရပ်ကွက်၊ဒိုးလေးအောင်(၃၀)နှစ်၊ညီဇေမင်းကျော်(၂၀)နှစ်၊ ဇင်ကိုလတ်(၃၂)နှစ်တို့လိုက်ပါပြီး မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသော DONG FENG အမျိုးအစား (၆)ဘီးယာဉ်ပေါ်တွင် ဖွဲအိပ်များဖြင့်ဖုံးထားသေည့် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ(၁၆၃၃)တုံး၊(၂၀၄၇)ပိဿာ အားသိမ်းဆည်းရမိကြောင်း သိရသည်။

ယာဉ်မောင်း အောင်ကိုသက်နှင့် ဒိုးလေးအောင်၊ ညီဇေမင်းကျော်၊ ဇင်ကိုလတ်တို့အား မိုးကောင်းမြို့မရဲစခန်းက အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ(၁၆၃၃)တုံး၊(၂၀၄၇)ပိဿာ မိုးကောင်းမှာ ဖမ်းမိ  ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ(၁၆၃၃)တုံး၊(၂၀၄၇)ပိဿာ မိုးကောင်းမှာ ဖမ်းမိ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.