ဓားထောက်၍ လုယက်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ သြဂုတ် ၁၆

 မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း ဓာတ်ငွေ့စက်ရုံဘေးတွင် သြဂုတ် ၁၅ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့် က မျက်နှာဖုံးစွပ်နဲ့ ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 မြစ်သားမြို့နယ်၊ ရေဝန်းကျေးရွာနေ စိုင်းအောင်ခန့် သည် သူငယ်ချင်းဖြစ်သူနှင့်အတူ ၄၈ယ/××××× Click ဆိုင်ကယ်အားရပ်၍ စကားပြောနေစဉ် နှာခေါင်းစည်းထားသည့် အမည်မသိလူ(၃)ဦးရောက်ရှိလာပြီး စိုင်းအောင်ခန့် ကို တုတ်ဖြင့်ရိုက် သောကြောင့် ပြန်လည်ကာကွယ်စဉ် အဆိုပါ လူများမှ ဓားဖြင့်ထောက်ပြီး ၄၈ယ/××××× Click ဆိုင်ကယ်၊ iPhone တစ်လုံး၊ Samsung လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယူသွားခြင်းဖြစ်သည်။

အဆိုပါ လုယက်မှုအား အရေးယူ ပေးရန်တိုင်တန်းရာ စဉ့်ကိုင်မြို့မရဲစခန်း(ပ)၂၆၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ခဲ့၍ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား လိုက်လံစုံစမ်းခဲ့ပါသည်။

 မုံရွာမြို့နယ်၊ မကျီးကုန်း ကျေးရွာနေ ကျော်သိုက်ထွန်း(၂၁)နှစ်၊ ကျောက်ဆည်မြို့နယ်၊ သပြေတောကျေးရွာနေ နေထက်လင်း (ခ)ရဲရင့် (၂၃)နှစ်နှင့် ကျောက်ဆည်မြို့၊ အရှေ့အေးမြကြည်လင်ရပ်ကွက်နေ ကျော်ဖြိုး(ခ)ဦးတီပွား(၂၂)နှစ် တို့အား လုယူသွားသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သက်သေခံဆိုင်ကယ်အား သိမ်းဆည်းပြီး ၎င်းတို့(၃)ဦးအား အမှုဖြင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဓားထောက်၍ လုယက်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူထား ဓားထောက်၍ လုယက်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.