အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျ ၊ ၂ ဦးသေဆုံး

အမေရိကန်နိုင်ငံ၌ ဗာဂျီးနီးယားပြည်နယ်၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျသွားပြီးနောက် မီးလောင်ကျွမ်းနေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ဝါရှင်တန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့ အနောက်တောင်ဘက် ၁၁ ကီလိုမီတာ( ၇-မိုင်)အကွာ ၌ သြဂုတ်လ ၁၂ ရက် ညနေပိုင်းက ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်း နှင့်ပတ်သက်၍ အမျိုးသားပို့ ဆောင်ရေးလုံခြုံမှုဆိုင်ရာဘုတ်အဖွဲ့ နှင့် ဗာဂျီးနီးယားရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း နှင့် ရဟတ်ယာဉ်သည် သစ်တောထူထပ်သော ဧရိယာအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(Xinhua)
http://xinhuamyanmar.com
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျ ၊ ၂ ဦးသေဆုံး အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျ ၊ ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.