ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်၌ ဆိုင်ကယ်နှစ်စီးတိုက်မိ၍ လူတစ်ဦးသေဆုံး


သုဝဏ္ဏဝတီမြို့  သြဂုတ် ၁၃

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် အပြင်အနန်းကုန်းပိုင်း ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်၌ သြဂုတ် ၁၃ ရက် နေ့လည်ပိုင်းအချိန်က ဆိုင်ကယ်နှစ်စီးတိုက်မိ၍ လူတစ်ဦးသေဆုံးသွားကြောင်းသိရသည် ။

သတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲအုပ်ကိုကိုလတ် နှင့် ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့် သွားရောက်စစ်ဆေးရာ နောင်ဘိုကျေးရွာလမ်းကြားမှ အဝေးပြေးကားလမ်းမတစ်ဖက်ရှိ ချမ်းအေးတောရဘုန်းကြီးကျောင်းဘက်သို့ ဦးမြင့်ဝင်း( ၅၅ နူစ်)အပြင်အနန်းကုန်းပိုင်း ကျိုက္ကော်ရပ်ကွက် သုဝဏ္ဏဝတီမြို့ မောင်းနှင်ပြီး အနောက်မှ ဦးပညာသာမိ နှင့် ဦးရေဝတ ( ချမ်းအေးတောရဘုန်းတော်ကြီးကျောင်း ) တို့ လိုက်ပါလာသော ၃၈/ယ ၆၆၆၄၇ wace အမျိုးအစား ခဲ/မဲရောင်ဆိုင်ကယ်သည် တစ်ဖက်လမ်းဘက်သို့ ဖြတ်သန်းစဉ် သထုံမြို့ဘက်မှ သုဝဏ္ဏဝတီမြို့ဘက်သို့ ဦးသန်းဇော်ဝင်း(ဒေးဗရိမ်းကျေးရွာ သထုံမြို့နယ် )မောင်းနှင်ပြီး အနောက်မှ ဦးရွှေထွန်း စီးနင်းလာသော wace 100 နံပါတ်မပါ ခဲ/မဲရောင် ဆိုင်ကယ်နှင့် လမ်း၏ အလယ်မျဉ်းကြောင်းအနီး၌ ဝင်ရောက်တိုက်မိရာ ထိခိုက်ဒဏ်ရာရရှိသူများအား သုဝဏ္ဏဝတီမြို့ လူမူကယ်ဆယ်ရေးယာဉ်များဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးမြင့်ဝင်း သည် ရရှိသောဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားကြောင်း သိရသည် ။ ကျန် ဒဏ်ရာရ(မစိုးရီမ်ရ) သူများအား သထုံဆေးရုံသို့ ဆက်လက်ပို့ဆောင်ကုသနေကြောင်း သိရသည် ။

အဆိုပါ ယာဉ်တိုက်မူနှင့်ပတ်သတ်၌ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူများဖြစ်သော ဦးမြင့်ဝင်း နှင့် ဦးသန်းဇော်ဝင်း တို့အား သိမ်ဆိပ်နယ်မြေရဲစခန်းမှ အရေးယူစစ်ဆေး ဆောင်ရွှက်နေကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်၌ ဆိုင်ကယ်နှစ်စီးတိုက်မိ၍ လူတစ်ဦးသေဆုံး ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်၌ ဆိုင်ကယ်နှစ်စီးတိုက်မိ၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.