ရန်ကုန်-မန္တလေးလမ်းဟောင်း အုတ်တွင်းမြို့အနီးတွင် ယာဉ်တိုက်မှုဖြစ်ရာမှ တစ်ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့မရဲစခန်းအပိုင်မှာ သြဂုတ်(၁၂)ရက် နံနက်(၆) နာရီ မိနစ်(၅၀)ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးသွားပါတယ်။

 ဖြစ်စဉ်ကတော့ အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၇ဝ/၀)နဲ့ (၁၇ဝ/၁)အကြားမှာ တောင်ငူဘက်ကနေ အုတ်တွင်းဘက်ကို တောင်ငူမြို့နယ်နေသူ ယာဉ်မောင်းအေးလွင် မောင်းနှင်လာတဲ့ ROSA အမျိုးအစား အစိမ်းရောင်ခြောက်ဘီးမှန်လုံယာဉ်ဟာ လမ်းရဲ့ ဘယ်ဘက်ခြမ်းရှိ ဆီဆိုင်မှာ ဆီဖြည့်ဖို့အတွက် ချိုးကွေ့လိုက်စဉ် အုတ်တွင်းဘက်ကနေ တောင်ငူဘက်ကို မောင်းနှင် လာတဲ့ LUOJIA အပြာရောင် ဆိုင်ကယ် (နံပါတ်ပြားမပါ)က ယာဉ်ရဲ့ နောက်ပိုင်းကို ဝင်ရောက်မိပြီး တစ်ဖက်ယာဉ်ကြောကို ရောက်ရှိသွားရာ တောင်ငူဘက်ကနေ အုတ်တွင်းဘက်ကို မောင်းနှင်လာတဲ့ HONDA FIT အနက်ရောင်ယာဉ်ကို ထပ်မံဝင်တိုက်မိခဲ့
တာဖြစ်ပါတယ်။

 ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်မှာ လိုက်ပါစီနင်းသူ ကျော်နိုင်ဟာ ဒဏ်ရာတွေရရှိကာ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

 ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ အေးလွင်နဲ့ တိုးဇော်တို့ကို အုတ်တွင်းမြို့မရဲစခန်းက ယာဉ်(ပ)၂၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကနဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

 ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

ရန်ကုန်-မန္တလေးလမ်းဟောင်း အုတ်တွင်းမြို့အနီးတွင် ယာဉ်တိုက်မှုဖြစ်ရာမှ တစ်ဦးသေဆုံး ရန်ကုန်-မန္တလေးလမ်းဟောင်း အုတ်တွင်းမြို့အနီးတွင် ယာဉ်တိုက်မှုဖြစ်ရာမှ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.