တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ကဆုန်ရွာသားများ ထွက်ပြေး


သြဂုတ် ၁၁

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာ အနီးရှိ ကဆုန့် ကျေးရွာ အတွင်းတွင် သြဂုတ်လ ၁၁ ရက်နေ့ ယနေ့ ၁၁နာရီခွဲ ခန့်မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားသောကြောင့် ဒေသခံ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါသည်။


အဆိုပါ တိုက်ပွဲများကြောင့် ကဆုန့်ဒေသခံ ၂၀၀ ကျော် ပိတ်မိနေသေးကြောင်းလည်း သိရသည်။

''မနက်အစည်းအဝေးလုပ်နေတုန်း ရွာထဲမှာ သေနတ်သံတွေ ကြားရတော့ အိမ်တောင်မရောက်ဘူး တခါတည်းထွက်ပြေးလာကြတာ အိမ်မှာ ကလေးတွေ ခယ်မတွေ ကျန်ခဲ့တယ် အရမ်းစိတ်ပူတယ် တချို့ကိုဖမ်းထားတယ် တချို့ ကသေနတ်ထိလို့လား မသိဘူး လဲနေတာတွေ့ရတယ် ဟု ထွက်ပြေးလာသူ ဦးရောဘတ်ကမြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

ယင်း ကဆုန်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ခန့်နေထိုင်ကြပြီ လက်ရှိတွင် နမ္မတီး ကချင်နှစ်ခြင်းဘုရားကျောင်းတွင် ဒေသခံတချို့ ရောက်ရှိနေပြီဖြစ်သည်။

ကျန်ရှိသာ ဒေသခံများကို ကချင်နစ်ခြင်းဘုရာကျောင်းရှိ ကားများဖြင့် သွားရောက်ခေါ်ဆောင်နေကြောင်းသိရသည်။

''ဘာပစ္စည်းမှမယူခဲ့ရဘူး ရွာထဲမှာကို သေနတ်တွေနဲ့ လိုက်ပစ်နေတာ အချို့တွေ သေနတ်မှန်တာတွေရှိတယ် ''ဟု ထွက်ပြေးလာသည့်ဒေသခံများက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

သတင်း- ဓါတ်ပုံ salai
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ကဆုန်ရွာသားများ ထွက်ပြေး တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ကဆုန်ရွာသားများ ထွက်ပြေး Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.