ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ပြင်ဆင်ရေး ပြည်သူ့လွှတ်တော်မှာ ထပ်မံရှုံးနိမ့်


အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ဖို့အဆို ရှုံးနိမ့်ခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)အတိုင်း ပြည်သူ့လွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်ခြင်း၊ (၆၆)ဃ မှာ ပြဌာန်းထားတဲ့ ဥပဒေတွေဟာ ရာဇသတ်ကြီးဥပဒေမှာ လည်း ပြဌာန်းထားပြီးဖြစ်ခြင်း၊ ဥပဒေတစ်ခုပြဌာန်းရင် မူလပြဌာန်းတဲ့ ရည်ရွယ်ချက် ရောက်၊ မရောက်ဆန်းစစ်ဖို့ လိုအပ်ခြင်းတွေကြောင့် ပယ်ဖျက်ဖို့လိုတယ်လို့ လှိုင်မြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက တင်ပြခဲ့ပါတယ်။

 ဥပဒေကြမ်းကော်မတီကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆)ဃမှာ ပါဝင်တဲ့ အသရေဖျက်မှုကို ပယ်ဖျက်လိုက်ရင် ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကို အသုံးပြုပြီး အသရေဖျက်မှုတွေ ကျူးလွန်နိုင်တဲ့အတွက် လောကရဲ့ ကောင်းကျိုးကို အများကြီးထိခိုက်နိုင်တယ်လို့ ပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း အတည်ပြုဖို့ တင်ပြခဲ့ပါတယ်။

 မဲခွဲဆုံးဖြတ်ခဲ့ရာမှာတော့ ဥပဒေကြမ်းကော်မတီရဲ့ တင်သွင်းမှုကို ထောက်ခံသူများပြား ခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ပြင်ဆင်ရေး ပြည်သူ့လွှတ်တော်မှာ ထပ်မံရှုံးနိမ့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ပြင်ဆင်ရေး ပြည်သူ့လွှတ်တော်မှာ ထပ်မံရှုံးနိမ့် Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.