တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းမြို့နယ်တွင် လျှပ်စစ်မီး ၄ ရက်ဖြတ်တောက်မည်ဟု မြို့နယ်လျှပ်စစ်ကြေငြာ ဆိုးခိုးလုယက်မှုများမည်ကို ဒေသခံလူထုစိုးရိမ်


သြဂတ်စ်လ ၂၃ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နှင့် မူစယ်မြို့နယ် တို့တွင်လျှပ်စစ်မီးကြိုးပြန်လည် သွယ်တန်းမည် ဖြစ်သဖြင့် လျှပ်စစ်မီးပေးဝေမှု ၄ ရက်ဖြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဌာနမှကြေငြာသည့်အပေါ် ဆိုးခိုးလုယက်မှုဓါးပြတိုက်မှုများဖြစ်ပေါ်မည်ကို ဒေသခံများစိုးရိမ်နေကြောင်းသိရသည်။

သြဂတ်စ်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၄ ရက်စာ လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်း သြဂတ်စ်လ ၂၂ ရက်နေ့က လျှပ်စစ်ဌာနမှ ကြေငြာသည်ဟု မူစယ်ဒေသခံများကပြောသည်။

“ရွှေလီမြစ် အမှတ် ၁ မန့်တပ်ရေအားလျှပ်စစ်က ဓါတ်အားပေးစက် ၆ လုံးနဲ့ Main Transformer ၆ လုံးကို ပြုပြင်မယ်လို့ မြို့နယ်လျှပ်စစ်ကကြေငြာတယ်။ မီးမရှိတဲ့ကာလအတွင်းမှာ သူခိုးဓါးပြတွေ ပေါမှာကိုစိုးရိမ် နေကြတာ။ အဲလိုမီးပိတ်ရင်အရမ်းသတိထားရတယ်။ အရင်တုန်းကဆိုရင် ကျနော် တို့လူငယ်အဖွဲ့ တွေ အလှည့်ကျ ကင်းလှည့်ရတယ်။ ကိုယ့်ကိုယ်ကိုအားကိုးရတယ်ပေါ့ဗျာ” - ဟု နမ့်ခမ်းမြို့မှ စိုင်းယီက ပြော သည်။


တရုတ်နယ်စပ် မူစယ်မြို့နှင့်နမ့်ခမ်းမြို့သည်မြေပြန့်ဒေသနှင့်တခြားဒေသမှ လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည့် လူထုများပြားသည့်အပြင် လက်ရှိတွင် မူးယစ်ဆေးရောင်းဝယ်ဖောက် ကားမှု ဆေးသုံးသူများပေါများ လာမှုကြောင့် ယခုနှစ်များအတွင်း ဆိုးခိုးလုယက်မှုများ များပြား လာသည်ဟု ဒေသခံများ ကဆိုပါသည်။

သို့သော် မူစယ်မြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည့်ကာလအတွင်း တရုတ်နိုင်ငံမှ လျှပ်စစ် ဓါတ်အားကို Junction River ကုမ္မဏီ ၀ယ်ယူကာ မူစယ်မြို့ပေါ်ရှိ လမ်းမီးများ ဆေးရုံ ဆက်သွယ် ရေး နှင့် ဌာနဆိုင်ရာအချို့အား ဓါတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်းလည်း လျှပ်စစ်ဌာနက ပေးပို့သောစာတွင်ဖော်ပြထားသည်။

မန့်တပ်ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးမှထွက်ရှိသောလျှပ်စစ်ဓါတ်အား များအနက် ရ၀ % ကိုတရုတ်နိုင်ငံသို့ ပေးပို့ရောင်းချလိုက်ပြီး ကျန် ၃၀% ကိုမူ ဒေသတွင်းလူထုအား ဖြန့်ဖြူးပေး ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းမြို့နယ်တွင် လျှပ်စစ်မီး ၄ ရက်ဖြတ်တောက်မည်ဟု မြို့နယ်လျှပ်စစ်ကြေငြာ ဆိုးခိုးလုယက်မှုများမည်ကို ဒေသခံလူထုစိုးရိမ် တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းမြို့နယ်တွင် လျှပ်စစ်မီး ၄ ရက်ဖြတ်တောက်မည်ဟု မြို့နယ်လျှပ်စစ်ကြေငြာ ဆိုးခိုးလုယက်မှုများမည်ကို ဒေသခံလူထုစိုးရိမ် Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.